


Source: San Thit La’s fb
Credit

ချစ်လှစွာသောပရိသတ်ကြီးရေ အဆိုတော်ကြီး မေရွက်ဝါရဲ့ သမီးဖြစ်သူ ဆန်းသစ်လဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အမေ့ရဲ့ခြေရာကိုနင်းပြီး သီချင်းတွေကိုလည်း သီဆိုတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဆန်းသစ်လဟာ ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ် မတ်လမှာ အိမ်ထောင်ကျခဲ့ပြီး အခုဆိုရင် သမီးလေး တစ်ယောက်ကို မွေးဖွားထားတဲ့ ကလေးမေမေတစ်ယောက်ဖြစ်လို့နေပြီပဲဖြစ်ပါတယ်…။

ဆန်းသစ်လက မိသားစုတစ်ဖက်နဲ့ အရင်ကအနုပညာအလုပ်တွေမလုပ်ကိုင်ဖြစ်ပေမယ့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကိုတော့ ရရှိနေဆဲဖြစ်ပါတယ်။ဒီကနေ့မှာတော့ ဆန်းသစ်လက သူမသမီးလေး ပန်းသီးလေးနဲ့ အတူတူလျှောက်သွားခဲ့တဲ့ အမှတ်တရပုံအချို့ကို ပြသလာပါ တယ်…။

ဆန်းသစ်လက “ဓါတ်ပုံကောင်းကောင်းရိုက်ပေးလို့ရတော့ဝူး..ခဏလေးတောင်ငြိမ်ငြိမ်မနေသောပန်းသီးလုံးလေးဖြစ်နေပြီ😍💖” ဆိုပြီး သမီးလေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးကို ပြသခဲ့တာပဲဖြစ်ပါတယ်။ဆန်းသစ်လကတော့ အမေတူချစ်စရာကောင်း တဲ့ သမီးပန်းသီးလေးရဲ့ ချစ်စဖွယ်အမူ အယာလေးကို ပြသရင်း သမီးလေးနဲ့အတူတူ ပျော်ရွှင်စရာကောင်းတဲ့အချိန်တစ်ခုပိုင်ဆိုင်ခဲ့ကြောင်း မျှဝေပေးလာတာပဲဖြစ်ပါတယ်…။

Source: San Thit La’s fb
Credit