


Credit – Yaungchi
Photo – Khine Hnin Wai

ချစ်လှစွာသောပရိသတ်ကြီးရေ ပရဟိတမင်းသမီး ခိုင်နှင်းဝေ ကဆိုရင်အကူအညီလိုအပ်နေတဲ့သူတွေအတွက် ပရဟိတ အလုပ်တွေတတ်အားသ၍ လုပ်ဆောင်နေတဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် စွန့်ပစ်ခံရတဲ့ ကလေးတွေအတွက် အတတ်နိုင်ဆုံးကာကွယ် ခေါ်ယူစောင့်ရှောက်လျက်ရှိနေတဲ့သူလို့လည်းဆိုရမှာပါ….။

သားတွေ သမီးတွေကိုလည်း မအားလပ်တဲ့ကြားကနေပြီး အချိန်ပေးကာ သေသေချာချာ ကျွေးမွေးစော င့်ရှောက်ပေးသလို မိခင်ရင်းသဖွယ် ချစ်ခြင်းမေတ္တာတွေ ပေးစွမ်းလျက်ရှိပါတယ် ။ ကလေးတွေကလည်း ခိုင်နှင်းဝေကို ချစ်ကြလို့ အနားက မခွာနိုင်အောင် ကပ်ချွဲနေကြတာ တကယ်ကို ကြည်နူး ပီတိဖြစ်စရာကောင်းပါတယ်…. ။

ဒါ့အပြင် ကလေးတွေရဲ့ လှုပ်ရှားမှု ပုံလေးတွေကိုလည်း အမြဲလိုလို ဖော်ပြပေးလေ့ရှိပါတယ် ။ အခုလည်း အာကြီး တစ်ယောက် ခရစ္စမတ် အင်္ကျီလေးနဲ့ အိုက်တင်တွေ မျိုးစုံပေးကာ ချစ်စရာကောင်းလွန်းနေတဲ့ ဗီဒီယိုလေးကို ဝေမျှလာပါတယ် ။ ဗီဒီယိုလေးထဲမှာ အာကြီးတစ်ယောက် ချစ်စရာကောင်းလွန်းတာကြောင့် ပြန်လည်ဝေမျှပေး လိုက်ပါတယ်…။

Credit – Yaungchi
Photo – Khine Hnin Wai