ခ်စ္လွစြာေသာပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ ပိုင္တံခြန္ ကေတာ့လက္ရွိမွာ အင္းစိန္အက်ဥ္းေထာင္တြင္ အက်ဥ္းက်ခံေနရတာျဖစ္ပါတယ္။ သူဟာ ေႏြဦးေတာ္လွန္ေရးမွာ အင္တိုက္အားတိုက္ ပူးေပါင္းပါဝင္မႈေၾကာင့္ ပုဒ္မ၅၀၅(က) ထုတ္ခံရၿပီး မၾကာခငိမွာပဲ ဖမ္းဆီးခံခဲ့ရတာ ျဖစ္ပါတယ္။ သူ႔ရဲ့က်န္းမာေရးအတြက္လည္း ပရိသတ္ေတြက အထူးစိုးရိမ္ေနၾကတာ ျဖစ္ပါတယ္။မၾကာေသးခင္က လူမႈကြန္ရက္စာမ်က္ႏွာတြင္ စိတ္မေကာင္းစရာ သတင္းတစ္ခု တက္လာခဲ့တာ ျဖစ္ပါတယ္…။

ဒါကေတာ့ပိ္ုင္တံခြန္ဟာ ဆႏၵျပပြဲမ်ားတြင္ ပါဝင္ခဲ့မႈေၾကာင့္ အလုပ္ၾကမ္းနဲ႕ေထာင္ဓာဏ္ (၃)ႏွစ္ဆိုၿပီး တရား႐ုံးမွာ စီရင္ခ်က္႐ုတ္တရက္ ခ်မွတ္လိုက္တဲ့အေၾကာင္းနဲ႕ပတ္သက္ၿပီး ေရွ႕ေနတစ္ဦးက အခုလိုပဲေျပာျပလာခဲ့တာပဲျဖစ္ပါတယ္ေနာ္.။ ” အမွန္က ဒီေန႕က ပိုင္တံခြန္အတြက္ တရားလိုျပသက္ေသစစ္ရဖို႕ ရက္ခ်ိန္းျဖစ္ပါတယ္။ဒါေပမယ့္ မေမွ်ာ္လင့္ထားပဲ တရားရံုးက အမိန္႕ခ်လိုက္တာေပါ့၊ ပိုင္တ့ခြန္အတြက္က တရားလိုျပသက္ေသစစ္ၿပီး ဆြဲခ်က္တင္မတင္ႏွစ္ဖက္ေလွာက္လဲခ်က္တင္ရမွာပါ ၿပီးမွ ခံျပသက္ေသေတြစစ္ၿပီးမွ အမိန္႕ခ်မယ့္အစီအစဥ္ေရာက္မွာပါ…. ။

အခုက အဆင့္အမ်ားႀကီးလိုေသးတယ္။တရားစီရင္ေရးေလာကမွာ ခုလိုမၾကံဳဘူးေသးဘူး “ဟု အဆိုပါေရွ႕ေနက ဆိုလာခဲ့တာပဲျဖစ္ပါတယ္ေနာ္။ဒီသတင္းၾကားၾကားခ်င္း ပိုင္တံခြန္ရဲ့ မိဘေဆြမ်ိဳးမ်ားနဲ႔ ပရိသတ္မ်ားမွ စိတ္မေကာင္း ျဖစ္ခဲ့ၾကရတာ ျဖစ္ပါတယ္။ ပိုင္တံခြန္ဟာ အက်ဥ္းေထာင္ထဲမွာ ေအးခ်မ္းတည္ၿငိမ္စြာ ေနထိုင္လ်က္ရွိေနတယ္လို႔လည္း ၾကားသိရပါတယ္။ ကဲ ပရိသတ္ႀကီးလည္း ပိုင္တံခြန္ အျမန္ဆုံးလြတ္ေျမာက္ဖို႔ ဆုေတာင္းေပးၾကပါဦးေနာ္….။

Credit ; Burma Associated Press

ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင် ပိုင်တံခွန် ကတော့လက်ရှိမှာ အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရတာဖြစ်ပါတယ်။ သူဟာ နွေဦးတော်လှန်ရေးမှာ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုကြောင့် ပုဒ်မ၅၀၅(က) ထုတ်ခံရပြီး မကြာခငိမှာပဲ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ သူ့ရဲ့ကျန်းမာရေးအတွက်လည်း ပရိသတ်တွေက အထူးစိုးရိမ်နေကြတာ ဖြစ်ပါတယ်။မကြာသေးခင်က လူမှုကွန်ရက်စာမျက်နှာတွင် စိတ်မကောင်းစရာ သတင်းတစ်ခု တက်လာခဲ့တာ ဖြစ်ပါတယ်…။

ဒါကတော့ပိ်ုင်တံခွန်ဟာ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့မှုကြောင့် အလုပ်ကြမ်းနဲ့ထောင်ဓာဏ် (၃)နှစ်ဆိုပြီး တရားရုံးမှာ စီရင်ချက်ရုတ်တရက် ချမှတ်လိုက်တဲ့အကြောင်းနဲ့ပတ်သက်ပြီး ရှေ့နေတစ်ဦးက အခုလိုပဲပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်.။ ” အမှန်က ဒီနေ့က ပိုင်တံခွန်အတွက် တရားလိုပြသက်သေစစ်ရဖို့ ရက်ချိန်းဖြစ်ပါတယ်။ဒါပေမယ့် မမျှော်လင့်ထားပဲ တရားရုံးက အမိန့်ချလိုက်တာပေါ့၊ ပိုင်တ့ခွန်အတွက်က တရားလိုပြသက်သေစစ်ပြီး ဆွဲချက်တင်မတင်နှစ်ဖက်လှောက်လဲချက်တင်ရမှာပါ ပြီးမှ ခံပြသက်သေတွေစစ်ပြီးမှ အမိန့်ချမယ့်အစီအစဉ်ရောက်မှာပါ…. ။

အခုက အဆင့်အများကြီးလိုသေးတယ်။တရားစီရင်ရေးလောကမှာ ခုလိုမကြုံဘူးသေးဘူး “ဟု အဆိုပါရှေ့နေက ဆိုလာခဲ့တာပဲဖြစ်ပါတယ်နော်။ဒီသတင်းကြားကြားချင်း ပိုင်တံခွန်ရဲ့ မိဘဆွေမျိုးများနဲ့ ပရိသတ်များမှ စိတ်မကောင်း ဖြစ်ခဲ့ကြရတာ ဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ အကျဉ်းထောင်ထဲမှာ အေးချမ်းတည်ငြိမ်စွာ နေထိုင်လျက်ရှိနေတယ်လို့လည်း ကြားသိရပါတယ်။ ကဲ ပရိသတ်ကြီးလည်း ပိုင်တံခွန် အမြန်ဆုံးလွတ်မြောက်ဖို့ ဆုတောင်းပေးကြပါဦးနော်….။

Credit ; Burma Associated Press