



ချစ်လှစွာသောပရိသတ်ကြီးရေ နိုင်ငံကျော်အဆိုတော် တစ်ယောက်ဖြစ်တဲ့ Ah Boy ကတော့ လူငယ်ဘဝက Rock Star အဖွဲ့က အဆိုတော်တစ်ယောက်အဖြစ် သီချင်းတွေကိုသီဆိုခဲ့ပြီး အသက်အရွယ်တစ်ခုရောက်ရှိ လာချိန်မှာတော့ စီးပွားရေးနဲ့ မိသားစုကိုသာ ပိုမိုအချိန်ပေးဖြစ်ခဲ့ တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကမှ ဂီတလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့တဲ့ Ah Boy က ပရိသတ်တွေရဲ့ အားပေးမှုကို အထိုက်အလျောက်လက်ခံရရှိနေဆဲပဲဖြစ်ပါတယ်….။

ချစ်စရာကောင်းတဲ့ သမီးသုံးယောက်နဲ့ မကြာသေးခင်ကမှမွေးဖွာ းထားတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ Ah Boy ဟာ လူတကာ အားကျရလောက်တဲ့ မိသားစုဘဝကို ရရှိထားသူတစ်ယောက်ပါ။ ဒီကနေ့မှာလည်း Ah Boy က သူ့ရဲ့သမီးသုံးယောက်ဖြစ်တဲ့ ဂျူဂျူး၊ ဖောင်းဖောင်းနဲ့ စကားလတ်လေးတို့ရဲ့ပုံလေးကိုပြသရင်း “ကျွန်တော့်ဘဝရဲ့ မရှိမဖြစ်အစိတ်အပိုင်းလေးများ” ဆိုပြီး ပြောလာပါတ ယ်….။

Ah Boy ရဲ့ သမီးတွေ ကတော့ အဖေတူ၊ အမေကွဲ ညီအစ်မတွေဆိုပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြပြီး မိသားစုချင်း ကလည်း နားလည်မှုတွေနဲ့ တည်ဆောက်ထားကြတာဖြစ်ပါ တယ်…။

Source: Kyaw Phyo Tun’s fb