ခ်စ္လွစြာေသာပရိသတ္ႀကီးေရ ေရသန႔္ေရာင္းၿပီးဝမ္းေရးခက္ ခဲစြာေျဖရွင္းေနခဲ့ရတဲ့ အဖြားေဒၚညြန႔္ရီကို ပရိသတ္ေတြသိရွိၿပီးသားျဖစ္မွာပါေနာ္။ အဖြားကေတာ့ လူရႊင္ေတာ္မိုးစက္ရဲ့ ကူညီမႈနဲ႔ အိမ္ပိုင္ေလးလည္းရရွိခဲ့ၿပီး အဖြားရဲ့ ဆႏၵျဖစ္တဲ့ မတတ္နိုင္တဲ့ကေလးေတြကို ရွင္ျပဳေပးခ်င္တဲ့ဆႏၵေလး ကျပည့္ဝသြားခဲ့ၿပီပဲျဖစ္ပါတယ္…။

မေန႔က ဒီဇင္ဘာလ (၂၇)ရက္ေန႔ကေတာ့ မိုးစက္ရဲ့ အက်ိဳးေဆာင္မႈနဲ႔ အလႉရွင္ေတြရဲ့ ဝိုင္းဝန္းလႉဒါန္းေပးမႈနဲ႔ အဖြားေဒၚညြန႔္ရီအလႉ႔အမအေနနဲ႔ က်င္းပခဲ့တဲ့ ရွင္ျပဳအလႉပြဲေလးက်င္းပျပဳလုပ္ခဲ့ပါတယ္။ မိုးစက္ကေတာ့ ဒီေန႔ ဒီဇင္ဘာလ (၂၈)ရက္ေန႔မွာ သူရဲ့လူမႈကြန္ရက္စာမ်က္ႏွာကေန အဖြားရဲ့ အလႉ မွတ္တမ္းပုံေလးေတြကို ျပန္လည္မၽွေဝေဖာ္ျပလာခဲ့ပါတယ္…။

ျဖစ္ခ်င္တဲ့ဆႏၵေလးေတြျပည့္ဝခဲ့တဲ့အတြက္ အဖြားရဲ့ ပီတိအျပဳံးေတြကိုေတာ့ ပုံေတြထဲမွာ အတိုင္းသားျမင္ေတြ႕ရၿပီး တကယ္ကိုမွ အဖြားရဲ့အျပဳံးေတြက ျမင္ေတြ႕ရသူေတြပါ ပီတိေတြကူးစက္ေစတဲ့အထိျဖစ္ခဲ့ပါတယ္။ ပရိသတ္ႀကီးေရ အဖြားရဲ့ ပီတိအျပဳံးေတြေဝဆာေနတဲ့ပုံေလးေတြကို ျပန္လည္မၽွေဝေ ဖာ္ျပေပးလိုက္ပါတယ္ေနာ္…။

Source – Moe Sat
Credit – CeleZone

ချစ်လှစွာသောပရိသတ်ကြီးရေ ရေသန့်ရောင်းပြီးဝမ်းရေးခက် ခဲစွာဖြေရှင်းနေခဲ့ရတဲ့ အဖွားဒေါ်ညွန့်ရီကို ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါနော်။ အဖွားကတော့ လူရွှင်တော်မိုးစက်ရဲ့ ကူညီမှုနဲ့ အိမ်ပိုင်လေးလည်းရရှိခဲ့ပြီး အဖွားရဲ့ ဆန္ဒဖြစ်တဲ့ မတတ်နိုင်တဲ့ကလေးတွေကို ရှင်ပြုပေးချင်တဲ့ဆန္ဒလေး ကပြည့်ဝသွားခဲ့ပြီပဲဖြစ်ပါတယ်…။

မနေ့က ဒီဇင်ဘာလ (၂၇)ရက်နေ့ကတော့ မိုးစက်ရဲ့ အကျိုးဆောင်မှုနဲ့ အလှူရှင်တွေရဲ့ ဝိုင်းဝန်းလှူဒါန်းပေးမှုနဲ့ အဖွားဒေါ်ညွန့်ရီအလှူ့အမအနေနဲ့ ကျင်းပခဲ့တဲ့ ရှင်ပြုအလှူပွဲလေးကျင်းပပြုလုပ်ခဲ့ပါတယ်။ မိုးစက်ကတော့ ဒီနေ့ ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အဖွားရဲ့ အလှူ မှတ်တမ်းပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြလာခဲ့ပါတယ်…။

ဖြစ်ချင်တဲ့ဆန္ဒလေးတွေပြည့်ဝခဲ့တဲ့အတွက် အဖွားရဲ့ ပီတိအပြုံးတွေကိုတော့ ပုံတွေထဲမှာ အတိုင်းသားမြင်တွေ့ရပြီး တကယ်ကိုမှ အဖွားရဲ့အပြုံးတွေက မြင်တွေ့ရသူတွေပါ ပီတိတွေကူးစက်စေတဲ့အထိဖြစ်ခဲ့ပါတယ်။ ပရိသတ်ကြီးရေ အဖွားရဲ့ ပီတိအပြုံးတွေဝေဆာနေတဲ့ပုံလေးတွေကို ပြန်လည်မျှဝေေ ဖာ်ပြပေးလိုက်ပါတယ်နော်…။

Source – Moe Sat
Credit – CeleZone