နေထိုင်ကြမလဲတွေးကြရအောင် မိဘတိုင်းကသားသမီးတွေပျော်ရွှင်တာပဲမြင်ချင်ကြတာပါ အကြီးလေးကိုပိုချစ်တာလား အငယ်လေးကိုပိုတာလားဆိုတဲ့ မေးခွန်းတွေကိုသိပ်မုန်းတာပဲ အငယ်လေးဟာ တအားငယ်သေးတဲ့ အတွက် ဘာလုပ်လုပ် ဘယ်သွားသွားတပူးတွဲတွဲပါနေရတာပါ ဒါကိုကြည့်ပီးအငယ်လေးကိုပိုချစ်တာလား လို့မစဉ်းစားပဲမေးရဲတဲ့သူတေကိုအံ့ဩမိတယ် သမီးကြီးလေးကအဝေးရောက်နေတာကြောင့်ခွဲခာံရပေမဲ့ တတ်နိုင်သမျှ အဆက်အသွယ်မပျက်အောင်အမြဲနေပါတယ် သမီးကြီးလေးလိုအပ်သမျှ အကုန် ဒီကနေလှမ်းပြီးပံ့ပိုးပေးနိုင်လို့ ဘုရားကိုကျေးဇူးတင်တယ် နိုင်ငံရေးအရ မိသားစုတွေကိုခွဲခွါနေရပေမဲ့တရက်မပျက် သတိရနေတယ်ကျမရဲ့ ခင်ပွန်းကို ကျေးဇူးတင် ပါတယ်…. ။
Crd
ချစ်လှစွာသောပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်း ကတော့ အသံပါဝါကောင်းကောင်း ကိုပိုင်ဆိုင်ထားပြီး အချစ်သီချင်းချိုချိုအေးအေးလေးတွေကို သီဆိုထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ Melody World Myanmar သီချင်းဆိုပြိုင်ပွဲမှတစ်ဆင့် နာမည်ကြီးလူကြိုက် များလာခဲ့တဲ့ ချမ်းချမ်း ဟာ အခုဆိုရင်တော့ ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်တဲ့ဝါရင့်အဆိုတော်တစ်ဦး အဖြစ်ရပ်တည်နေပါတယ်နော်။ ဒါပေမယ့် ချမ်းချမ်း ရဲ့ အိမ်ထောင်ရေးခရီးလမ်းကတော့ အဆင်ပြေချောမွေ့မနေခဲ့ပါဘူး။ သူမရဲ့ပထမအိမ်ထောင်နဲ့ လမ်းခွဲပြီးနောက် ဒုတိယအိမ်ထောင်ပြုခဲ့တဲ့အပေါ် ပရိသတ်အချို့ကဝေဖန်နေကြပါတယ်။ ဒါကြောင့် နောက်ထပ်အိမ်ထောင်ဖက် နဲ့ဘဝသစ်တည်ထောင်ထားတာကို အပြစ်မတင်ကြပါနဲ့လို့့ အခုလိုပဲတောင်းဆိုခဲ့ပါ တယ်….။
” 2021 ကိုကျောခိုင်းပြီးနှစ်သစ်ကိုမကြိုဆိုခင် တနှစ်တာအတွင်းပျော်ရွှင်ခဲ့ရချိန် ငိုကြွေးခဲ့ရချိန်တွေကိုပြန်လှည့်ကြည့်မိတဲ့တခဏ ပုံလေးတွေဟာ သက်သေပါပဲ အမေချစ်ရတဲ့သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ရတဲ့နှစ်အကောင်းဘက်ကကြည့်ရင် သမီး Pilar ကို ဘေးကင်းစွာနဲ့မွေးဖွားနိုင်ခဲ့တယ် အဆိုးဘက်ကကြည့်ရင် မြန်မာနိုင်ငံတခုလုံးကံဆိုးမိုးမှောင်ကျခဲ့ရတဲ့နှစ် စစ်အာဏာရှင်တွေကြောင့်လူမှူရေးစီးပွါးရေးတွေ တိုးတက်နေတာတွေအကုန်ရပ်ဆိုင်း ပြည်သူတွေဒုက္ခရောက်ကြရတယ် သူတို့ရဲ့လောဘ တခုတည်းအတွက်ပြည်သူတွေအသက်မစတေးသင့်ပဲ သေဆုံးကြရတယ်အဆိုးနဲ့အကောင်းဒွန်တွဲနေစမြဲဖြစ်တာကြောင့် အဆိုးကိုတွေးမယ့်အစားအကောင်းတွေဖြစ်အောင်ဘယ်လို ဆက်လျှောက်ကြ မလဲ…။
နေထိုင်ကြမလဲတွေးကြရအောင် မိဘတိုင်းကသားသမီးတွေပျော်ရွှင်တာပဲမြင်ချင်ကြတာပါ အကြီးလေးကိုပိုချစ်တာလား အငယ်လေးကိုပိုတာလားဆိုတဲ့ မေးခွန်းတွေကိုသိပ်မုန်းတာပဲ အငယ်လေးဟာ တအားငယ်သေးတဲ့ အတွက် ဘာလုပ်လုပ် ဘယ်သွားသွားတပူးတွဲတွဲပါနေရတာပါ ဒါကိုကြည့်ပီးအငယ်လေးကိုပိုချစ်တာလား လို့မစဉ်းစားပဲမေးရဲတဲ့သူတေကိုအံ့ဩမိတယ် သမီးကြီးလေးကအဝေးရောက်နေတာကြောင့်ခွဲခံာရပေမဲ့ တတ်နိုင်သမျှ အဆက်အသွယ်မပျက်အောင်အမြဲနေပါတယ် သမီးကြီးလေးလိုအပ်သမျှ အကုန် ဒီကနေလှမ်းပြီးပံ့ပိုးပေးနိုင်လို့ ဘုရားကိုကျေးဇူးတင်တယ် နိုင်ငံရေးအရ မိသားစုတွေကိုခွဲခွါနေရပေမဲ့တရက်မပျက် သတိရနေတယ်ကျမရဲ့ ခင်ပွန်းကို ကျေးဇူးတင် ပါတယ်…. ။
လူမျိုးခြားမို့ ကျမကိုဝေဖန်တိုက်ခိုက်ပြောဆိုနေကြချိန်မှာရော ကျမ အားငယ်နေချိန် မျော်လင့်ချက်မဲ့နေချိန်မှာ အနားမှာအမြဲ အကောင်းဘက်ကနေရပ်တည်ပေးတဲ့ ဘဝရဲ့ အနိမ့်အမြင့်အချိန်တိုင်းအနားမှာရှိပေးလို့ ကျေးဇူးတင်ပါတယ် အမှန်အတိုင်းပြောရရင် ကျမ ဘဝရဲ့ကျေးဇူးရှင်တယောက်ပါအခုလို ခေတ်ဆိုးနေချိန်မှာ ကျန်ခဲ့တဲ့မိသားစုအတွက်လိုသမျှ စားဝတ်နေရေး နဲ့ အသုံးစရိတ်တေကိုလဲ သူတတ်နနိုင်သမျှ တဖက်တလမ်းကနေဖြည့်ဆည်းပေးတယ် သမီးကြီးလေးကိုလဲ လိုချင်တာမှန်သမျှ အကုန်ဝယ်ပေး တယ် သားသမီ းအရင်းသဖွယ် ချစ်ပေးစိတ်ပူပေးလို့ အတိုင်းထက်အလွန်ကျေးဇူးတင်ပါတယ်တချို့သော မနာလိုသူတွေဝေဖန်တိုက်ခိုက်ပြောဆိုနေကြတဲ့ တခုလပ် ကလေးတယောက်အမေကို ဘဝနဲ့ အမျှတန်ဖိုးထားချစ်ပေး လေးစားစွာဆက်ဆံပေးလို့ကျေးဇူးတင်ပါတယ် Singel mom ဘဝနဲ့တယောက်ထဲနေသွားမယ့်မေမေတွေကိုလဲလေးစား တယ်…။
ဘဝကံကြမ္မာကြောင့် အကြောင်းမလှလို့ အခုလိုကျမတို့မေမေတေ single mom ဖြစ်လာကြပေမဲ့ ကိုယ့်ရွေးချယ်မှူက အရေးကြီးပါတယ် သူများ ဘဝဟာကိုယ့်ဘဝမဟုတ်ပါဘူး ဒါကြောင့် နောက်ထပ်အိမ်ထောင်ဖက်နဲ့ ဘဝသစ်တည်ထောင်တဲ့ မိခင်တေကို အပြစ်တင်မယ့်အစား အော်…တယောက်တည်းကလေးတဖက်နဲ့ပင်ပန်းစွာေ လျာက်နေတဲ့ဘဝခရီးလမ်းမှာ သူ့ကိုတကယ်ချစ်တဲ့သူနဲ တွေ့သွားပြီ ဆိုပြီး ဝမိးသာစေချင်ပါတယ် လူတိုင်းမှာဘဝကိုယ်စီ အခက်အခဲကိုယ်စီပါ သူတပါးရွေးချယ်မှုကိုလေးစားပါ ကိုယ်ရွေးချယ်တာ ကိုယ်အသိဆုံးပါ အခုချိနိကစလို့ အတိတ်ကိုလဲပြန်မသွားတော့သလို ပစ္စပ္ပုန်ကိုပဲ အာရုံထားပါတော့မယ် သမီးလေးတေနဲ့ အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်ထားလို့ဘဝကိုကျေနပ်ပ်တယ် မုန်းသူချစ်သူအားလုံး အေးချမ်းပါစေ ” လို့သူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါ တယ်…။
Crd