


Credit

ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင် သဇင်ထူးမြင့်ကတော့ အနုပညာလောကထဲကို ရောက်ရှိတာ မကြာသေးပေမယ့်အားလုံးရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ သူမကတော့ ဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်နေပြီ ဖြစ်ပါ တယ်။ ဒီနေ့ကတော့ သဇင်ထူးမြင့်ရဲ့ မွေးနေ့ရက်မြတ်လေး ဖြစ်ပါ တယ်…။

သူမကို ချစ်ခင်ကြသူများနဲ့ ပရိသတ်များမှ သဇင်ထူးမြင့်အတွက် မွေးနေ့ဆုတောင်းပေးထားကြတာ ဖြစ်ပါတယ်။မကြာသေးခင်က သဇင်ထူးမြင့်ရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ အစ်ကိုဖြစ်သူရဲ့ ပါးစပ်ထဲကို ထန်းရည်တွေ မရမကေ လာင်းထည့်ပြီး အူတက်အောင် ရယ်မောနေတဲ့ သဇင်ထူးမြင့်ရဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်…။

” Happy Birthday သဲရေ 🎉🎉🎈🎈❤️❤️လိုအင် ဆန္ဒအကုန် ပြည့်ဝပြီးဘဝရဲ့အခက်အခဲ မှန်သမျှ ရင်ဆိုင်ကျော်ဖြတ်နိုင် ပါစေ❤︎❤︎❤︎❤︎❤︎❤︎❤︎” ဆိုပြီးတော့လည်း သဇင်ထူးမြင့်ရဲ့အစ်ကို နေရဲမှ ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သဇင်ထူးမြင့်အတွက် မွေးနေ့ ဆုတောင်းပေးသွားကြပါ ဦးနော်…။

Credit