


Credit

ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင် ရီရီပွင့်ဖြူ ကတော့လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာပါဝင်ရိုက်ကူးခဲ့သူတစ်ဦး ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ အနုပညာအလုပ်တွေ လုပ်ကိုင်ခြင်းမရှိတော့ဘဲဝါသနာပါရာ လုပ်ငန်းကိုသာ တစ်စိုက်မတ်မတ် လုပ်ကိုင်လျက် ရှိပါတယ်။ မကြာခင်မှ ာလည်း ချစ်သူလေးနဲ့ အတူမင်္ဂလာပွဲအခမ်းအနား ကျင်းပတော့ မှာ ဖြစ်ပါတယ်…။

ပရိသတ်တစ်ချို့ကတော့ ခရိုနီအသိုင်းအဝိုင်းနဲ့ လက်ထပ်တဲ့အတွက် ဝေဖန်ပြောဆိုနေကြတာ ဖြစ်ပါတယ်။ ရီရီပွင့်ဖြူတို့ ချစ်သူနှစ်ဦးဟာ ချစ်သူသက်တမ်း (၈) နှစ်ကျော်မှ မင်္ဂလာဆောင်ဖို့ စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။လတ်တလောမှာလည်း မင်္ဂလာပွဲအတွက် လိုအပ်တာတွေ စီစဉ်နေ တာလည်း ဖြစ်ပါတယ်….။

သူတို့အတွဲလေးဟာ ဟာသဗီဒီယိုလေးတွေကိုလည်း မကြာခဏဝေမျှပေးလေ့ရှိပြီး မကြာသေးခင်က Tik Tok အကောင့်တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ အရမ်းချမ်းနေတဲ့ အချိန်မှာတောင် ဗိုက်ပေါ်အင်္ကျီဝတ်နိုင်တဲ့ လျှို့ဝှက်ချက်ကို ထုတ်ပြောပြလိုက်တဲ့ ရီရီပွင့်ဖြူရဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါ တယ်နော်….။

Credit