ချစ်လှစွာသောပရိသတ်ကြီးရေ ​သန္တာဗိုလ် ကတော့နိုင်ငံကျော်ဝါရင့်မင်းသမီးတစ်လက်ဖြစ်တဲ့ ချောရတနာရဲ့ ညီမအငယ်ဆုံးလေးပဲ ဖြစ်ပါတယ်။ အမရဲ့အနုပညာအမွေကို ဆက်ခံထားတဲ့ သန္တာဗိုလ် ကတော့သရုပ်ဆောင်ထက် မော်ဒယ်လ်ဘက်ကို ပိုမို အားသန်​သူလေးလို့​ဆိုရမှာပါ….။

မော်ဒယ်လ်ဘက်ကို ပိုမိုအားစိုက်ကာလုပ်ဆောင်လျက်ရှိတဲ့ သန္တာဗိုလ် ကတော့ တကယ့်ကိုအင်တာနေရှင်နယ်မော်ဒယ်လ်တွေလို အရပ်အမောင်းအချိုးအစားကိုပိုင်ဆိုင်ထားကာ အမြဲအထာကျကျ ဖက်ရှင်တွေကိုဝတ်စားတတ်သူလည်းဖြစ်ပါတယ်။ သူမရဲ့ အချစ်ရေးကတော့ မင်းသားကောင်းပြည့်နဲ့ချစ်သူသက်တမ်း၈နှစ်ကျော်လာပြီဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်နဲ့ပျော်ရွှင်စွာဖြတ်သန်းနေကြတာပါ….။

ပျော်ပျော်နေတတ်တဲ့ သန္တာဗိုလ်ကတော့ ဒီနေ့မှာတော့ချစ်ရတဲ့ချစ်သူ ကောင်းပြည့်နဲ့စေ့စပ်ကြောင်းလမ်းပြီးစီးကြောင်းကိုသူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှာတင်လာခဲ့တာပါ။ အနုပညာ​အပေါင်းအသင်းမိတ်ဆွေတွေအပြင် ပရိသတ်တွေကလည်း ဝမ်းပမ်းတသာဂုဏ်ပြုမှတ်ချက်တွေပေးခဲ့ကြတာပါ။ပရိသတ်ကြီးလည်း ကောင်းပြည့်နဲ့ သန္တာဗိုလ် တို့အတွက်ဂုဏ်ပြုစကားပြောခဲ့ပါဦးနော်…။

credit-CeleGabar
Source- ThandarBo




credit-CeleGabar
Source- ThandarBo