ချစ်လှစွာသောပရိသတ်ကြီးရေ အခြေအနေ အမျိုးမျိုးကြောင့် မိဘမဲ့နေတဲ့ ကလေးငယ်လေးတွေကို တရားဝင် ခေါ်ယူထိန်းသိမ်း စောင့်ရှောက်ပေးနေသူကတော့ ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေပဲဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင် သူမကလူမှုကူညီရေး ပရဟိတတွေကိုလည်း အစွမ်းကုန် လုပ်ကိုင်နေသလို မိဘမဲ့ ကလေးလေးတွေ အတွက်လည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာ အပြည့်နဲ့ နွေးထွေးစွာ စောင့်ရှောက်မှုတွေ ပေးနေခဲ့ပါတယ်….။

ဒီလို ခက်ခဲတဲ့ ကာလတွေမှာတောင် အကြောင်းမျိုးစုံကြောင့် စွန့်ပစ်ခံရတဲ့ ကလေးငယ်လေ းတွေကို မွေးစားစောင့်ရှောက်ပေးနေတာ တွေ့ရတာ လေးစားစရာပါပဲ ။ ဒါ့ကြောင့်လည်း ခိုင်နှင်းဝေရဲ့ စိတ်ဓာတ်လေးကို ပရိသတ်တွေ အားလုံးက လေးစား အားကျနေကြတာပါနော် …။

အခုလည်း မိသားစုနဲ့ ကွဲသွားတဲ့ သမီးငယ်လေး တစ်ယောက်ကို ခေတ္တ ခေါ်ယူစောင့်ရှောက် ထားကြောင့် ဗီဒီယိုလေးနဲ့ တကွ ” မိသားစုနဲ့ ကွဲသွားတဲ့ သမီးငယ်လေး တစ်ယောက်ကို ဒဂုံဆိပ်ကမ်းနားမှာ တွေ့ထားပါတယ်ရှင်..မိသားစုများ နှင့် သိရှိသူများ အမြန် ဆက်သွယ်ပေးကြပါရှင်…” ဆိုတဲ့ စာလေးကို ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်… ။

Credit – Cele Zone
Photo – Khine Hnin Wai




Credit – Cele Zone
Photo – Khine Hnin Wai