ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင် ပိုးအိအိခန့်ကတော့ မြန်မာနိုင်ငံ လက်ရွေးစင်ဘောလုံးကစားသမားဟောင်းအောင်သူ နဲ့လက်ထပ်ထိမ်းမြားခဲ့ပြီး သားလေးတစ်ယောက်မွေးဖွားထားပါတယ်။ သူမကတော့ လက်ရှိမှာ ခင်ပွန်းအလုပ်ရှိရာ ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်နေတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ပိုးအိအိခန့်တို့ မိသားစုကိုတော့ ပရိသတ်တွေက ချစ်နေကြတာ ဖြစ်ပါတယ်…။

အနုပညာအလုပ်တွေ မလုပ်တော့ပေမယ့် သူမရဲ့ လှုပ်ရှားမှုတွေ ပရိသတ်တွေ သိရှိနိုင်အောင် အမြဲဝေမျှပေ းနေတာဖြစ်ပါတယ်။ မကြာသေးခင်က ပိုးအိအိခန့်ရဲ့Instagram လူမှုကွန်ရက်တွင် ဓာတ်ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ အိမ်ထောင်သက် (၄) နှစ်ပြည့်နေ့လေးမှာ ချစ်ခင်ပွန်းနဲ့အတူ ပကာသနတွေမပါဝင်တဲ့ ပွဲလေးတစ်ပွဲ နှစ်ယောက်တည်းကျင်းပခဲ့တာ ဖြစ်ပါတယ်…။

ခင်ပွန်းအတွက် ရည်ရွယ်ပြီး ပိုးအိအိခန့်ကိုယ်တိုင်ရေးသားထားတဲ့ စာလေးကလည်း သိပ်ကို အဓိပ္ပာယ် ရှိလွန်းလှပါတယ်။ ပရိသတ်တွေလည်း သိရှိနိုင်အောင် ဒီသတင်းလေးကို ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်…။

Credit




Credit