


Credit – CeleZone

ချစ်လှစွာသောပရိသတ်ကြီးရေ စံထိပ်ထားဦး ကတော့ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးကြီး ခိုင်သင်းကြည်ရဲ့ သမီးချောလေးဖြစ်ပြီး မေမေခိုင်သင်းကြည်ရဲ့ အနုပညာအမွေကို ဆက်ခံမယ့် မျိုးဆက်သစ်အနုပညာရှင်လေးလည်းဖြစ်ပါတယ်။ထိပ်ထိပ်လေး ကိုယ်တိုင်ကလည်း လက်ရှိမှာအနုပညာအလုပ်တွေကို အနည်းငယ်လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်….။

ထိပ်ထိပ်လေး ကတော့အားတဲ့အချိန်တွေမှာလည်း သီချင်းလေးတွေကို သီဆိုလေ့ရှိပြီး မနေ့က သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ကိုယ်တိုင် ဂစ်တာလေးတီးကာ သီချင်းလေးသီဆိုနေတဲ့ ဗီဒီယိုလေးကို မျှဝေဖော်ပြလာခဲ့ပါတယ်။ သီချင်းလေးကတော့ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ ဘန်နီဖြိုးနဲ့ အမရာ ဘုန်းတို့ရဲ့ “လေထဲကအိမ်” ဆိုတဲ့ သီချင်းလေးပဲဖြစ်ပါတယ်…။

ထိပ်ထိပ်ရဲ့ ချိုသာပြီးဆွဲဆောင်မှုရှိလှတဲ့ အသံလေးနဲ့ သီချင်းလေးကို ပြန်လည်သီ ဆိုထားပုံလေးက တကယ်ကို နားထောင်ရတာ ကြိုက်နှစ်သက်ဖို့ကောင်းလွန်းလှပါတယ်။ ပရိသတ်ကြီးတွေလည်း ခံစားနိုင်ဆင်နိုင်ဖို့ ထိပ်ထိပ်လေးရဲ့ ဒီသီချင်းသီဆိုနေတဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်…။

Source – San Htate Htar Oo
Credit – CeleZone