ချစ်လှစွာသောပရိသတ်ကြီးရေ Myanmar Idol Season (3) ရဲ့ Winner တစ်ယောက်ဖြစ်တဲ့ အက်စတာဒေါ့သ်ချင်းဆုန်ကတော့ ပြိုင်ပွဲမှာ Winner ဆုကြီးရရှိပြီးနောက် အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလို့လာခဲ့တာ ဖြစ်ပါတယ်။ အက်စတာဒေါ့သ်ချင်းဆုန်ကတော့ ပရိသတ်တွေအတွက် သီချင်းတွေကို အဆက် မပြတ်ဖန်တီးနေပြီး မရိုးနိုင်တဲ့ ဂီတလှုပ်ရှားမှုတွေကို ချပြဖို့ ကြိုးစားနေသူလေးတစ်ယောက် ဖြစ်ပါတယ်။ နိုင်ငံရေးအခြေအနေတွေကြောင့် အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ အက်စတာဒေါ့သ်ချင်းဆုန်ဟာ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်တော့မယ်ဆိုတဲ့ အကြောင်းကို အသိပေးလာခဲ့ပါတယ်…။

အက်စတာဒေ့ါသ်ချင်းဆုန်က “2020 -2021 ဖြတ်ကျော်ရတဲ့ကာလ ဆုန်ဆုန်အပါအဝင်အလွှာအသီးသီးကလူတိုင်းလူတိုင်းမထင်မှတ်ဘဲအခက်အခဲပေါင်းစုံကို ဒီကာလမှာခံစားခဲ့ရတယ်။ ပေးကမ်းတဲ့လက်တစ်စုံတွေလည်းကြာလာတော့ ခက်ခဲလာကြပြီ။ ဒီကာလမှာကိုယ်လည်းပျော်နေတာတော့မဟုတ်ပါဘူး။ မပျော်ပေမယ့် လည်း မိသားစုအတွက်ရော၊ကိုယ်ကူခြင်တာ ကိုယ်လှူချင်တာအတွက်ရော ကိုယ်ကပေးကမ်းတဲ့လက်တစ်စုံအဖြစ်ဆက်ရှိခြင်သေးတယ်…။

အဲဒီတော့ လုပ်သင့်လုပ်ထိုက်တာလေးတွေတော့ လုပ်မှရတော့မယ့်အချိန်ဖြစ်သွားပြီ။ ဒီကာလမှာ ဘာအလုပ်တစ်ခုမှ မလုပ်ပဲ နားထားတာလဲ ကြာခဲ့ပြီဆိုတော့ ဆုန်ဆုန့်အနေနဲ့ (သေခြာစီစစ်ပြီးတော့ )အလုပ်လေးတစ်ချို့ကိုတော့ ပြန်စလုပ်ချင်ပါတယ်။ အားလုံးကိုလေးစားတဲ့အနေနဲ့ နားလည်ပေးဖို့မေတ္တာရပ်ခံပါတယ်။” ဆိုပြီး ပြောလာပါတယ်။အက်စတာဒေါ့သ်ချင်းဆုန်ကတော့ မိသားစုအတွက် လှူချင်တာတွေလှူနိုင်ဖို့အတွက် အနုပညာအလုပ်တွေကို သေချာစီစစ်ပြီး ပြန်လည်လုပ်ကိုင်တော့မယ့်ဖြစ်ကြောင်း ပရိသတ်တွေကို လေးစားစွာ အသိပေး လာခဲ့တာပဲဖြစ်ပါတယ်…။

Source: Esther DCS’s fb
Credit ; Myanmar Celebrities

ခ်စ္လွစြာေသာပရိသတ္ႀကီးေရ Myanmar Idol Season (3) ရဲ့ Winner တစ္ေယာက္ျဖစ္တဲ့ အက္စတာေဒါ့သ္ခ်င္းဆုန္ကေတာ့ ၿပိဳင္ပြဲမွာ Winner ဆုႀကီးရရွိၿပီးေနာက္ အႏုပညာလမ္းေၾကာင္းေပၚကို ေရာက္ရွိလို႔လာခဲ့တာ ျဖစ္ပါတယ္။ အက္စတာေဒါ့သ္ခ်င္းဆုန္ကေတာ့ ပရိသတ္ေတြအတြက္ သီခ်င္းေတြကို အဆက္ မျပတ္ဖန္တီးေနၿပီး မရိုးနိုင္တဲ့ ဂီတလႈပ္ရွားမႈေတြကို ခ်ျပဖို႔ ႀကိဳးစားေနသူေလးတစ္ေယာက္ ျဖစ္ပါတယ္။ နိုင္ငံေရးအေျခအေနေတြေၾကာင့္ အႏုပညာအလုပ္ေတြကို ရပ္နားထားတဲ့ အက္စတာေဒါ့သ္ခ်င္းဆုန္ဟာ အႏုပညာအလုပ္ေတြကို ျပန္လည္လုပ္ကိုင္ေတာ့မယ္ဆိုတဲ့ အေၾကာင္းကို အသိေပးလာခဲ့ပါတယ္…။

အက္စတာေဒ့ါသ္ခ်င္းဆုန္က “2020 -2021 ျဖတ္ေက်ာ္ရတဲ့ကာလ ဆုန္ဆုန္အပါအဝင္အလႊာအသီးသီးကလူတိုင္းလူတိုင္းမထင္မွတ္ဘဲအခက္အခဲေပါင္းစုံကို ဒီကာလမွာခံစားခဲ့ရတယ္။ ေပးကမ္းတဲ့လက္တစ္စုံေတြလည္းၾကာလာေတာ့ ခက္ခဲလာၾကၿပီ။ ဒီကာလမွာကိုယ္လည္းေပ်ာ္ေနတာေတာ့မဟုတ္ပါဘူး။ မေပ်ာ္ေပမယ့္ လည္း မိသားစုအတြက္ေရာ၊ကိုယ္ကူျခင္တာ ကိုယ္လႉခ်င္တာအတြက္ေရာ ကိုယ္ကေပးကမ္းတဲ့လက္တစ္စုံအျဖစ္ဆက္ရွိျခင္ေသးတယ္…။

အဲဒီေတာ့ လုပ္သင့္လုပ္ထိုက္တာေလးေတြေတာ့ လုပ္မွရေတာ့မယ့္အခ်ိန္ျဖစ္သြားၿပီ။ ဒီကာလမွာ ဘာအလုပ္တစ္ခုမွ မလုပ္ပဲ နားထားတာလဲ ၾကာခဲ့ၿပီဆိုေတာ့ ဆုန္ဆုန႔္အေနနဲ႔ (ေသျခာစီစစ္ၿပီးေတာ့ )အလုပ္ေလးတစ္ခ်ိဳ႕ကိုေတာ့ ျပန္စလုပ္ခ်င္ပါတယ္။ အားလုံးကိုေလးစားတဲ့အေနနဲ႔ နားလည္ေပးဖို႔ေမတၱာရပ္ခံပါတယ္။” ဆိုၿပီး ေျပာလာပါတယ္။အက္စတာေဒါ့သ္ခ်င္းဆုန္ကေတာ့ မိသားစုအတြက္ လႉခ်င္တာေတြလႉနိုင္ဖို႔အတြက္ အႏုပညာအလုပ္ေတြကို ေသခ်ာစီစစ္ၿပီး ျပန္လည္လုပ္ကိုင္ေတာ့မယ့္ျဖစ္ေၾကာင္း ပရိသတ္ေတြကို ေလးစားစြာ အသိေပး လာခဲ့တာပဲျဖစ္ပါတယ္…။

Source: Esther DCS’s fb
Credit ; Myanmar Celebrities