ချစ်လှစွာသောပရိတ်သတ်ကြီးရေသရုပ်ဆောင်ဘေဘီမောင်ဟာဆိုရင်ဖြင့် ဇာတ်ကားများစွာရိုက်ကူးပြီးပရိတ်သတ်တွေ ရင်ထဲနှစ်ပေါင်းများစွာနေရာယူထားသူတစ်ယောက်ဖြစ်ပါတယ်။ကျရာဇာတ်ရုပ်တိုင်းကိုပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့အတွက်ကြောင့်လည်း ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်နော်။

သူမဟာမကြာသေးခင်မှာပဲ အဆိုတော်သားဂန်းနဲ့တရားဝင်လက်ထက်ထိမ်းမြားခဲ့ပြီး သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်နော်.ဘေဘီမောင် ဟာဆိုရင် သားဂန်းနဲ့လက်ထပ်ပြီး တစ်လအကြာမှာ ပထမဦးဆုံး ရင်သွေးလေးလွယ်ထားရပြီဖြစ်ပါတယ်နော်။ချစ်တဲ့ပရိတ်သတ်တွေကလည်း ဗိုက်ကလေးနဲ့မကြာခင်မြင်ရတော့မယ့် ဘေဘီကိုရင်ခုန်စွာနဲ့တွေ့ချင်နေကြတာပဲဖြစ်ပါတယ်နော်။

ဒီကတစ်ခါမှဆိုရင်လည်း ဘေဘီက သူမအမြဲလှနေတဲ့လျှိုဝှက်ချက်ကိုပြောပြလာတာပဲဖြစ်ပါတယ်နော်.ဘေဘီက”မောင်ကလည်းပုံလေး‌တွေလှအောင်ရိုက်ပေးတယ်မကလည်း အိုက်တင်လေးတွေလှအောင်လုပ်တတ်တယ်ကဲအဲ့တော့ အမြဲလှနေရမှာပေါ့” ဆိုပြီးသူမရဲ့လူမူ့စာမျက်နှာမှာရေးသားလာတာပဲဖြစ်ပါတယ်။တကယ်တော့ ဘေဘီတစ်ယောက် အမြဲလှနေရတဲ့အကြောင်းအရင်းကတော့ ခင်ပွန်းဖြစ်သူသားဂန်းကြောင့်ပဲဖြစ်ပါတယ်နော်. ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူး တင်ရှိပါတယ်။

Credit




Credit