ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင် နန္ဒာလှိုင်ကတော့ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူမရဲ့ဘဝလေးဟာ သမီးလေးတွေနဲ့ အရမ်းကို အေးချမ်းပျော်ရွှင်စရာကောင်းလွန်းလှတာကြောင့်အမျိုးသမီးချင်းတောင် အားကျနေရတာ ဖြစ်ပါတယ်။ နန္ဒာလှိုင်ဟာ အနုပညာလောကကနေ အပြီးတိုင် အနားယူကာ သမီးလေးတွေနဲ့ ခင်ပွန်းဖြစ်သူကိုသာ သူမရဲ့ အချိန်တွေကို အပြည့်အဝ ပေးနေတာ ဖြစ်ပါတယ်။
ခင်ပွန်းဖြစ်သူ ဇေသီဟကလည်း နန္ဒာ့ကို မျက်နှာတစ်ချက် မညှိုးအောင် ဂရုစိုက်လွန်းသူ ဖြစ်ပါတယ်။ မကြာသေးခင်က ဇေသီဟရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ နောက်မိန်းမရှုပ်မှာ စိတ်ပူနေတဲ့ နန္ဒာလှိုင်အတွက် သိပ်ကို တန်ဖိုးရှိလှတဲ့ စကားလေးပြောပြီး အပီကို ချုပ်လိုက်တာ ဖြစ်ပါတယ်။
” ပျင်းစရာကောင်းလို့ နဲနဲ Ro မယ်။ နန္ဒာက ပြောတယ်။ မိန်းမ မရှုတ်နဲ့နော်တဲ့။ ကျွန်တော် ပြုံးပြီး ရိုးရိုးလေး ပြန်ဖြေလိုက်တယ်။ နန္ဒာ … ဘုရားမှာ ဆုတောင်းစရာ မလိုပဲ ပြည့်တဲ့ ဆုက အဲ့ဒီဆုပဲ။” ဆိုပြီး ရိုလိုက်တာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သိရှိနိုင်စေရန်အတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။
Credit: Cele Thadin
Credit: Cele Thadin