ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အနုပညာလောကမှာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လို့တင်စားခံခဲ့ရပြီး ရုပ်ရေအရပ်အမောင်းပြောစရာမရှိအောင်ချောမောလွန်းတဲ့ မင်းသားချောအောင်ရဲလင်းဟာဆိုရင် မိန်းကလေးပရိတ်သတ်တွေရဲ့အသည်းစွဲမင်းသားချောတစ်ယောက် ပဲဖြစ်ပါတယ်..။

အခုလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာဆိုရင်လည်း အောင်ရဲလင်းကပြည်သူလူထုနဲ့အတူရပ်တည်ခြင်းမရှိခဲ့တဲ့အတွက် ပရိတ်သတ်တွေရဲ့ဝေဖန်မှုကိုလည်းခံခဲ့ရပါသေးတယ်။ တော်လှန်ရေးကာလမှာ ငြိမ်ချက်သားကောင်းနေတဲ့ အောင်ရဲလင်းက ဒီကနေ့မှာဆိုရင်တော့ ချစ်သူကောင်မလေးနဲ့လျှောက်လည်နေတာပဲဖြစ်ပါတယ်..။

ချစ်သူကောင်မလေး မေသဇင်အောင်ကတော့ အောင်ရဲလင်းနဲ့အတူပျော်ရွှင်စွာလျှောက်လည်နေတဲ့ပုံလေးတွေကို “ ကိုကိုနဲ့အမှတ်တရပုံလေးတွေတင်ပါရစေ ” ဟုဆိုတဲ့စာသားလေးနဲ့အတူ သူမတို့ချစ်သူနှစ်ဦးရဲ့ပုံရိပ်တွေကိုပြသလာခဲ့တာပဲဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးရဲ့ပုံရိပ်လေးတွေကိုကြည့်ရင်; အောင်ရဲလင်းကိုချစ်သူကောင်မလေးက အရမ်းကိုချစ်တာပဲလို့ထင်မိပါတယ်။ဖတ်ရှုပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

unicode




Credit