ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင်၊ အဆိုတော်၊ ဆရာဝန်မလေး နန်းမြတ်ဖြိုးသင်းကတော့ ပြီးခဲ့တဲ့ လပိုင်းကပဲ သူမရဲ့ခင်ပွန်းကို ဆုံးရှုံးလိုက်ရပြီး အခုဆိုရင် သားနဲ့သမီးကို တစ်ယောက်တည်း ရင်အုပ်မကွာစောင့်ရှောက်နေသူတစ်ယောက်ဖြစ်ပါတယ်။ လူမမယ်အရွယ် သားနဲ့သမီးကို စောင့်ရှောက်နေရသလို မိသားစုရဲ့ အိမ်ထောင် ဦးစီးအဖြစ်လည်း စီးပွားရှာရုန်းကန်နေရတဲ့ နန်းမြတ်ဖြိုးသင်းဟာ ဒီတစ်ခေါက်မှာတော့ (၁၁) လအရွယ် သမီးလေးကို အသေးစိတ်ဂရုမစိုက်နိုင်တဲ့အကြောင်းကို ပြောလာပါတယ်။

နန်းမြတ်ဖြိုးသင်းက “ဂျူးလေး၁၁လပါ။ လမ်းလျှောက်စမ်းနေပြီ။ ဂျက်လေးတုန်းကတော့ ဖေဖေတဖက်မေမေတဖက်တွဲပြီးသင်ခဲ့တာ။ မေ့သမီးလေးကတော့ မေမေလဲရုန်းကန်နေရလို့ အသေးစိတ်လေးတွေ မလုပ်ပေးနိုင်ဘူး။ မေ့သမီးလေးပိုမိုသန်မာပါစေကွယ်” ဆိုပြီး သမီးလေးရဲ့အဖြစ်ကို စိတ်မကောင်းဝမ်းနည်းစွာနဲ့ ပြောလာ ခဲ့တာပဲဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ သားကြီးဂျက်ဂျက်ရဲ့ လသားအရွယ် လမ်းစမ်းလျှောက်ချိန်မှာတော့ အဖေရော၊ အမေရော အသေးစိတ်ဂရုစိုက်ပေးနိုင်ခဲ့ပေမယ့် သမီးငယ်ဂျူဂျူးလေးအလှည့်မှာတော့ တစ်ယောက်တည်းရုန်းကန်နေရတာမို့ အသေးစိတ်ဂရုမစိုက်ပေးနိုင်ခဲ့ဘူးလို့ ရင်ဖွင့်လာခဲ့ တာပဲဖြစ်ပါတယ်။

Source: Nann Myat Phyo Thinn’s fb
Credit ; Myanmar Celebrities

ခ်စ္လွစြာေသာပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္၊ အဆိုေတာ္၊ ဆရာဝန္မေလး နန္းျမတ္ၿဖိဳးသင္းကေတာ့ ၿပီးခဲ့တဲ့ လပိုင္းကပဲ သူမရဲ့ခင္ပြန္းကို ဆုံးရႈံးလိုက္ရၿပီး အခုဆိုရင္ သားနဲ႔သမီးကို တစ္ေယာက္တည္း ရင္အုပ္မကြာေစာင့္ေရွာက္ေနသူတစ္ေယာက္ျဖစ္ပါတယ္။ လူမမယ္အရြယ္ သားနဲ႔သမီးကို ေစာင့္ေရွာက္ေနရသလို မိသားစုရဲ့ အိမ္ေထာင္ ဦးစီးအျဖစ္လည္း စီးပြားရွာ႐ုန္းကန္ေနရတဲ့ နန္းျမတ္ၿဖိဳးသင္းဟာ ဒီတစ္ေခါက္မွာေတာ့ (၁၁) လအရြယ္ သမီးေလးကို အေသးစိတ္ဂ႐ုမစိုက္နိုင္တဲ့အေၾကာင္းကို ေျပာလာပါတယ္။

နန္းျမတ္ၿဖိဳးသင္းက “ဂ်ဴးေလး၁၁လပါ။ လမ္းေလၽွာက္စမ္းေနၿပီ။ ဂ်က္ေလးတုန္းကေတာ့ ေဖေဖတဖက္ေမေမတဖက္တြဲၿပီးသင္ခဲ့တာ။ ေမ့သမီးေလးကေတာ့ ေမေမလဲ႐ုန္းကန္ေနရလို႔ အေသးစိတ္ေလးေတြ မလုပ္ေပးနိုင္ဘူး။ ေမ့သမီးေလးပိုမိုသန္မာပါေစကြယ္” ဆိုၿပီး သမီးေလးရဲ့အျဖစ္ကို စိတ္မေကာင္းဝမ္းနည္းစြာနဲ႔ ေျပာလာ ခဲ့တာပဲျဖစ္ပါတယ္။

နန္းျမတ္ၿဖိဳးသင္းကေတာ့ သားႀကီးဂ်က္ဂ်က္ရဲ့ လသားအရြယ္ လမ္းစမ္းေလၽွာက္ခ်ိန္မွာေတာ့ အေဖေရာ၊ အေမေရာ အေသးစိတ္ဂ႐ုစိုက္ေပးနိုင္ခဲ့ေပမယ့္ သမီးငယ္ဂ်ဴဂ်ဴးေလးအလွည့္မွာေတာ့ တစ္ေယာက္တည္း႐ုန္းကန္ေနရတာမို႔ အေသးစိတ္ဂ႐ုမစိုက္ေပးနိုင္ခဲ့ဘူးလို႔ ရင္ဖြင့္လာခဲ့ တာပဲျဖစ္ပါတယ္။

Source: Nann Myat Phyo Thinn’s fb
Credit ; Myanmar Celebrities