ချစ်လှစွာသောပရိသတ်ကြီးရေ ပရိသတ်တွေ အားကျနေရတဲ့ စံပြစုံတွဲလေးကတော့ အဆိုတော် နေဝင်းနဲ့ Travel Blogger အိမ့်ချစ်ချောတို့ အတွဲလေးပဲ ဖြစ်ပါတယ်။ သာယာတဲ့ အချစ်ရေးလေးကိုပိုင်ဆိုင်ထားတဲ့ နေဝင်းတို့ စုံတွဲဟာ နှစ်တွေအကြာကြီးတွဲခဲ့ပြီး ဆယ်နှစ်အကြာမှာ လက်ထက်ခဲ့ကြ တာလည်း ဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက်လည်း အရမ်းကို ချစ်ကြပြီး ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို အတူတူ ဖန်တီးတည်ဆောက်ထားကြတာလည်း ဖြစ်ပါတယ်။ အိမ့်ချစ်ချောတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမကြပြီး အေးအတူပူအမျှလက်တွဲနေထိုင်နေကြတာပါ ။နေဝင်းကလည်း သူ့ထက် အများကြီးငယ်တဲ့ ဇနီးချောလေးကို အလိုလိုက်ပြီး ကြင်နာယုယပေးတာဖြစ်ပါတယ်။

သူတို့ နှစ်ယောက်ရဲ့ အမှတ်တရ လှုပ်ရှားမှု ပုံလေးတွေကိုလည်း အမြဲ ဖောပြပေးလေ့ရှိတာကို တွေ့ရပါတယ် ။ အခုလည်း အရမ်းလှတဲ့ ရှုခင်းတွေကို နောက်ခံထားကာ မြင်သူတိုင်း အားကျရလောက်တဲ့ ရိုမန့်တစ် ဆန်ဆန် ပုံလေးတွေကို ဝေမျှလာပါတယ် ။ ပုံတိုင်းက ချစ်စရာကောင်းလွန်းလို့ ပြန်လည် ဖော်ပြပေးလိုက်ပါတယ် ။

Credit – Cele Zone
Photo – Nay Win




Credit – Cele Zone
Photo – Nay Win