ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးကတော့ ပြင်သစ်ရေမွှေးပုလင်းနာမည်ကို အသံထွက်မှားယွင်းစွာဖတ်မိတာကြောင့် အမေရိကန်နိုင်ငံမှာနေထိုင်နေတဲ့ ဒေါက်တာ Eric Yang ရဲ့ လှောင်ပြောင်ခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ အခုလို လှောင်ပြောင်ခြင်းခံခဲ့ ရတာကြောင့် ထက်ထက်မိုးဦးဟာ သူမပညာရေးမှာ အားနည်းခဲ့ကြောင်း ပွင့်ပွင့်လင်းလင်းပြောခဲ့ပြီး အခုလို မတတ်တာကို လှောင်ပြောင်ခံခဲ့ရတဲ့အတွက်လည်း စိတ်မကောင်းဝမ်းနည်းခဲ့ရတာပဲဖြစ်ပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ထက်ထက်မိုးဦးက “ကျွန်မက ဆရာလို အင်္ဂလိပ်စာတွေ ပညာတွေ မတတ်ပါဘူး။ဒါပေမဲ့ နောင်မျိုးဆက်ကလေးတွေ ကျွန်မလို မဖြစ်အောင် အလုပ်တွေလုပ်နိုင်တုန်း ပညာမျိုးစေ့ချပေးနိုင်ခဲ့တယ်။” ဆိုပြီး ကျောင်းဆောင်သစ်တစ်စောင် လှူဒါန်းခဲ့ဖူးတဲ့ သူမရဲ့ အမှတ်တရတစ်ခုကို အခုလိုပဲပြောလာပါတယ်။

ထက်ထက်မိုးဦးကတော့ အနုပညာလောကထဲကို စောစောစီးစီးဝင်ရောက်ခဲ့တာကြောင့် ပညာကိုဆုံးခန်းတိုင်အောင် မသင်ကြားနိုင်ခဲ့တာကြောင့် သူမလိုအဖြစ်မျိုး နောက်မျိုးဆက်တွေမဖြစ်ရအောင် ကျောင်းဆောင်သစ်တစ်ဆောင် လှူဒါန်းခဲ့ဖူးတာပဲဖြစ်ပါတယ်။

Source: Htet Htet Moe Oo ‘s fb
Credit: Myanmar Celebrities



