ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ဒါရိုက်တာနဲ့မင်းသား ဇနီးမောင်နှံလေးဖြစ်ကြတဲ့ ဇာဏ်ခီ နဲ့ ခရစ္စတီးနားခီ တို့ဟာဆိုရင် ပရိသတ်တွေရဲ့ အချစ်တော်နှစ်ယောက်လို့တောင်ဆိုနိုင်ပါတယ်။ အားပေးသူပရိသတ်အများအပြားရှိပြီး ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းဟာလည်း အတော်လေးအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ အမြဲတမ်းဖန်တီးမှုအသစ်အဆန်းတွေနဲ့ ပရိသတ်တွေကြည့်ရတာတန်စေမယ့်ဇာတ်ကားကောင်း တွေကို ဖန်တီးတတ်သူ ဒါရိုက်တာခရစ္စတီးနားခီနဲ့ ဇာတ်ရုပ်တိုင်းကို ပီပြင်ပိုင်နိုင်စွာသရုပ်ဖော်နိုင်တဲ့ မင်းသား ဇာဏ်ခီ တို့ရဲ့ ပူးပေါင်းတင်ဆက်မှုဟာ အမြဲတမ်းပြောင်မြောက်တဲ့အနုပညာတွေချည်း ဖြစ်လို့နေမှာပါ..။

သူတို့ဇနီးမောင်နှံဟာ ပျော်ရွှင်စရာမိသားစုဘဝလေးကို နှစ်ယောက်အတူတည်ဆောက်ထားပြီး ချစ်စဖွယ်သားလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဒီကနေ့မှာတော့ အလုပ်တွေရှုပ်နေတဲ့ မိန်းမဖြစ်သူကို မေတ္တာအပြည့်နဲ့ နှိပ်ပေးနေတာကို တွေ့ရပါတယ်။ ” မောင်တထောင်း မယ်တရွက်.. မကြာခင်မဲဖေါက်လို့ရတော့မှာပါ.. ဒီရက်ပိုင်းလေးတွေမှာ final မဲလက်မှတ်ပို့တာတွေ.. စာရင်းစစ်တာတွေ.. လွဲနေတာတွေလိုက်ပြင်ကြရတာတွေ.. အစောကြီးကတည်းကလက်မှတ်ဝယ်ထာပြီး message တွေကြားမှာပျောက်နေတဲ့သူတွေသေချာပြန်ရှာရတာတွေ စသည်ဖြင့်သော အလုပ်တွေကိုနေ့စဉ်ရက်ဆက်လုပ်နေကြပါတယ်..။

ကျနော်တို့ရဲ့ team လည်း အားလုံးအဆင်ပြေအောင် အင်တိုက်အားတိုက် ကြိုးစားနေကြပါကြောင်း ထပ်လောင်းအသိပေးအပ်ပါတယ်ခင်ဗျ။ စိတ်ရှည်သည်းခံပေးကြတဲ့အတွက် အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ (ဂဏန်းင်္သချာနဲ့မပါတ်သက်ချင်လို့အနုပညာလုပ်ကာမှ အခုချိန်မှာတော့ ၂ယောက်စလုံးဂဏန်း၂ကောင်ဖြစ်သွားပါပြီ။ ) “ အလုပ်တွေရှုပ်နေတဲ့ ချစ်ဇနီးလေးကို စေတနာအပြည့်နဲ့ နှိပ်ပေးနေတဲ့ မင်းသားချော ဇာဏ်ခီ ရဲ့မေတ္တာတရားကတော့ ကြီးမားလွန်းပါတယ်။ ချစ်ဖို့ကောင်းတဲ့ ဇာဏ်ခီ တို့ ဇနီးမောင်နှံ ကို အားကျနေကြပြီလား ပရိသတ်ကြီးရေ။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

zawgyi




Credit ; Cele Only