


Credit – CeleGabar

ချစ်ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အကယ်ဒမီ သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ နှစ်ဦးကုသိုလ်လေးအနေနဲ့ အောင်ဇမ္ဗူတောရ ကျောင်းတိုက်မှာ တရားစခန်း (၃)ရက်ဝင်ရောက်ကုသိုလ်ယူခဲ့ပါတယ်။ တရားစခန်းဝင်ရောက်တဲ့ ကုသိုလ်လေးအပြင် စေတီတစ်ဆူကိုလည်း ပြုပြင်လှူဒါန်းခဲ့တဲ့အလှူလေးကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

ဝတ်မှုံရွှေရည်ကတော့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကလည်း ရေဦးမြို့မှာ စေတီတစ်ဆူလှူဒါန်းခဲ့ပြီး အခုဒုတိယအကြိမ်အနေနဲ့ အောင်ဇမ္ဗူဆရာတော်ဘုရားကြီးရဲ့ လမ်းညွှန်စောင့်ရှောက်မှုကို ခံယူကာ မန်လည်မှာရှိတဲ့ အလောင်းစည်သူမင်း တည်ထားခဲ့တဲ့ဘုရားအဆူ (၄၀)ထဲက တစ်ဆူကို ပြန်လည်ပြုပြင် ကုသိုလ်ယူခဲ့တာပဲဖြစ်ပါတယ်။ အခုလို ကုသိုလ်ပြုခွင့်ရခဲ့တဲ့ အတွက်လည်း ရွှေကစ်လေးက ကြည်နူးပီတိဖြစ်နေခဲ့ပါတယ်။

ဘုရားလှူတဲ့ ကောင်းမှုအလှူလေးနဲ့ နှစ်ဦးကုသိုလ် တရားစခန်းဝင်ရောက်ခဲ့တဲ့ ကုသိုလ်လေးကို သူ့ရဲ့ပရိသတ်တွေနဲ့ (၇)ရက်သားသမီးတွေအားလုံး ကုသိုလ်ထပ်တူရစေဖို့ နဲ့ သာဓုခေါ်ဆိုနိုင်ဖို့ ရွှေကစ်လေးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမျှဝေဖော်ပြထားခဲ့ပါတယ်။ချစ် ပရိတ်ကြီးရေ ရွှေကစ်လေးကတော့ ဒီအရွယ်လေးနဲ့တောင် စေတီနှစ်ဆူတည်နိုင်တဲ့ ဘုရားဒါယိကာမဖြစ်နေပြီနော်….ဖက်ရှုပေးကြ ပရိသတ်အားလုံးကိုအထူကျေးဇူးတင်ပါတယ်…..။

Credit – CeleGabar
Source– Wutt Hmone Shwe Yi