


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ MRTV-4 ဇာတ်လမ်းတွဲလေးတွေကနေ ပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားနိုင်ခဲ့တာက တော့မင်းသမီးချောလေးမြတ်သူသူပဲဖြစ်ပါတယ်။ MRTV-4 ဇာတ်လမ်းတွဲလေးတွေတိုင်းမှာ ပါဝင်သရုပ်ဆောင်သူတိုင်းဟာခဏလေးအတွင်းမှာ အောင်မြင်မှုတွေရရှိခဲ့တာပါ။ မြတ်သူသူဟာလည်း အောင်မြင်သူတစ်ယောက်ဖြစ်တာကြောင့် မကြာခဏဝေဖန်တိုက်ခိုက်မှုတွေလည်းခံနေရသူတစ်ယောက်ပါ။ သူမဟာလူမှုကွန်ရက်ကနေလည်း ပုံရိပ်လေးတွေတင်ပေးလေ့ရှိပြီးပရိသတ်တွေနဲ့မပြတ်ရှိနေတာပါ..။

ခေတ်ကာလအခြေနေကြောင့်အနုပညာအလုပ်တွေနဲ့ဝေးနေပေမယ့် သူမရဲ့ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေချစ်နေရတာပါ။ ပျော်ရွှင်စရာကောင်းတဲ့ relationship လေးကိုလည်းပိုင် ဆိုင်ထားပြီး အားကျနေရတာပါ။ မြတ်သူသူကတော့ သူမရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး မကြာသေးမီကမှ တရားဝင်ချပြလာပြီး စုံတွဲပုံလေးတွေပါတင်လာတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ရည်းစားနဲ့ပြတ်ဖူးပြီးသားမို့ အခုလည်းအချိန်တန်ရင်ပြတ်မှာဘဲလို့ဝေဖန်နေတဲ့သူတွေကို ထိထိမိမိပြန်ပြောပြလာတာလည်းဖြစ်ပါတယ်..။

မြတ်သူသူကရည်းစားနဲ့ ပြတ်ဖူးတဲ့ မိန်းကလေးတွေကထပ်မချစ်ရတော့ဘူးလားအချစ်ခံရဖို့ မထိုက်တန်တော့လို့လား။ မှတ်မှတ်ရရမန့်လေးမို့ တင်ပါရစေနော် ညီမလေး၊ဒါနဲ့ အကို့ Cb မှာ နှစ်ယောက်ကိုလိုက်ဖက်တယ်ပြောပေးတာတော့တကယ်ကျေးဇူးတင်ပါတယ်နော် ဆိုပြီးပြောလာတာဖြစ်ပါတယ်။ ပညာသားပါပါနဲ့တုန့်ပြန်လိုက်တဲ့ မြတ်သူသူရဲ့စကားလုံးတွေက တကယ်ကို ထိမိလွန်းတာတော့အမှန်ပဲနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit