


Soure :Khine Hnin Wai

ချစ်လှစွာသော ပရိသတ်ကြီးရေ ခိုင်နှင်းဝေလို့ပြောလိုက်တာနဲ့ပရဟိတမိခင်ကြီးလို့ အများသတ်မှတ်ကြတာအမှန်ပါပဲ။ ခိုင်နှင်းဝေကတော့စွန့်ပစ်ကလေးငယ်တွေကို ခေါ်ယူမွေးစားကာ ခိုင်နှင်း​ဝေဂေဟာကြီးဦးစီတည်ထောင်လျက်ရှိတဲ့ မင်းသမီးတစ်လက်​ဖြစ်ပါတယ်..။

အမြဲအလှူအတန်းပရဟိတအလုပ်တွေကို ဆက်တိုက်ပြုလုပ်နေတဲ့ ခိုင်နှင်းဝေကတော့ အမြဲလူတန်းစားမခွဲခြားဘဲ ကိုယ်ချင်းစာတရားလက်ကိုင်ထားတဲ့ သူဆိုတာအမှန်ပါပဲ။ ဒီနေ့မှာလည်း ကြည့်မိသူတိုင်းဝမ်းသာမျက်ရည်ကျစရာ ဗီဒီယိုဖိုင်တစ်ခုကိုတင်လာခဲ့တာပါ..။

“ အဖေကို ချစ်တဲ့ အိမ်က မွေးစားသမီးလေးရဲ့ ဆန္ဒ တစ်ခုကို အကောင်အထည်လေး ဖော်ပေးဖြစ်ပါတယ်….ကြည်နူး ပီတိလေးလဲ ဖြစ်ခဲ့ရပါတယ်ရှင်..❤️❤️ ” ဟုဆိုတဲ့စာလေးနဲ့ မိဘနှစ်ပါးနဲ့အစ်မဖြစ်သူကို Surprise ပြုလုပ်ချင်တဲ့ အရာလေးတွေကို ပြုလုပ်ပေးခဲ့တာပါ။ ပရိသတ်ကြီးရေ ဘယ်အရာမဆိုစေတနာထားကာ ကူညီစောင့်ရှောက်တတ်တဲ့ခိုင်နှင်းဝေရဲ့ စေတနာမေတ္တာတရားကတော့တကယ့်ကို ချီးကျူးစရာပါပဲနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို ့ဆမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit -CeleGabar