


unicode

ချစ်လှစွာသော ပရိသတ်ကြီးရေ သရုပ်ဆောင်ချောရတနာကတော့ ဝါရင့်မင်းသမီးတစ်လက်ဖြစ်ပြီး ကျရာဇာတ်ရုပ်တိုင်းမှာအံ့ဝင်ဂွင်ကျ သရုပ်ဆောင်နိုင်ပြီးပရိသတ်တွေရဲ့အားပေးမှုကို အခုချိန်ထိသိမ်းပိုက်ထားနိုင်တာလည်းဖြစ်ပါတယ်..။

လက်ရှိမှာသရုပ်ဆောင်ချောရတနာက ရတနာပစ္စည်းတွေ live လွှင့်ရောင်းချပေးနေသလို ဇာတ်လမ်းတွဲတွေလည်းဆက်တိုက်ရိုတ်ကူးပေးနေရတာဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ အိမ်မက်ထဲကအိမ်မက်ဇာတ်လမ်းတွဲမှာချောရတနာက ပါဝင်သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်..။

ဒီနေ့မှာတော့ ချောရတနာက မင်းသားချော ဗညားဘုန်းပြည့်နဲ့ ဇာတ်လမ်းတွဲထဲက ပုံရိပ်လေးတွေကိုသူမရဲ့လူမှုကွန်ရက်မှာတင်လာတာလည်းဖြစ်ပါတယ်။ အိမ်မက်ထဲကအိမ်မက်ဇာတ်လမ်းတွဲကတော့ channel k ရုပ်သံလိုင်းမှာပြသနေပြီးအခြားအနုပညာရှင်ပေါင်းများစွာလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit