


Photo – Photo Magic

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ရွှေပိုးအိမ်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မော်ဒယ်လ် သရုပ်ဆောင်မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ မြန်မာဆန်လွန်းလှတဲ့ အေးချမ်းဖွယ်ရုပ်ရည်အလှကို ပိုင်ဆိုင်ထားတာကြောင့် လူကြီးလူငယ်မရွေးပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ သူတစ်ယောက်ပါ..။

ရွေပိုးကတော့ လတ်တလောမှာ ရုပ်ရှင်ရိုက်ကူးရေးတွေ ရပ်နားထားရချိန်မှာတော့ ဓာတ်ပုံရိုက်ကူးမှုတွေကို ပိုမိုလုပ်ကိုင်နေခဲ့ပြီး ဓာတ်ပုံလေးတွေကို သူ့ရဲ့ပရိသတ်တွေအတွက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြပေးနေခဲ့ပါတယ်..။

လတ်တလောမှာလည်း မြန်မာဝတ်စုံလေးနဲ့ မဟာဆန်စွာ လှပနေတဲ့ ပုံလေးတွေကို မျှဝေလာခဲ့ပါတယ်။ ပုံတိုင်းက ကျက်သရေရှိရှိ လှရက်လွန်းနေလို့ ပရိသတ်ကြီးလည်း ပြန်လည် ကြည့်ရှုနိုင်စေရန် ရွှေပိုးရဲ့ ပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်..။

Credit – Cele Zone