


Source:Zin Myint Aung’s Fb

ချစ်လှစွာသော ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးတစ်လက်ဖြစ်သူ ခိုင်နှင်းဝေကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင်ပရဟိတမင်းသမီးလေးတစ်လက်လို တင်စားရင်မှားမယ်မထင်ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်..။

ခိုင်နှင်းဝေရဲ့အမြဲ တက်ကြွကာ ပျော်ရွှင်မှုတွေနဲ့ နေထိုင်ပုံလေး တွေကိုမျှဝေတတ်သူ သူမရဲ့ချစ်သူ ဇင်မြင့်အောင်ကတော့ ဒီကနေ့လေးမှာ ဗီဒီယိုလေးတစ်ခုကို “ စကား အရမ်းများလို မနော သီချင်းဖွင့်ပေးဖြစ်..” ဟုဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

မနောသီချင်းကြိုက်သူ သူမရဲ့အကြိုက်အတိုင်း သီချင်းဖွင့်ပေးကာ ခိုင်နှင်းဝေ တစ်ယောက်အနားယူနေပုံ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit ; Myanmar celebrities