ခ်စ္လွစြာေသာ ပရိသတ္ႀကီးေရ စမိုင္းလ္ကေတာ့ တစ္ေခတ္တစ္ခါက သ႐ုပ္ေဆာင္မင္းသမီးတစ္ေယာက္အေနနဲ႔ အႏုပညာေလာကမွေအာင္ျမင္မႈေတြရ႐ွိခဲ့တဲ့ သူတစ္ေယာက္ပဲျဖစ္ပါတယ္။ အႏုပညာေလာကကေန အခ်ိန္ေတာ္ေတာ္ၾကာေပ်ာက္ကြယ္သြားခဲ့ၿပီး မၾကာေသးခင္အခ်ိန္ကမွာ ပရိသတ္ေတြရဲ႕ ေ႐ွ႕ကို ျပန္လည္ေရာက္႐ွိလာခဲ့တဲ့ သူလည္းျဖစ္ပါတယ္..။

စမိုင္းလ္ကေတာ့ အလႉအတန္းရက္ေရာလြန္းလွၿပီး အလႉႀကီးအတန္းႀကီးေတြကို မၾကာခဏဆိုသလိုျပဳလုပ္ေလ့႐ွိတာေၾကာင့္ ပရိသတ္ေတြက ခ်ီးက်ဴးအားက် ေလးစားေနရတဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ စမိုင္းလ္ကေတာ့ ဒီေန႔မွာလည္း သူ႕ရဲ႕ (၃၈) ႏွစ္ျပည့္ေမြးေန႔အလႉအေနနဲ႔ ႐ွင္အပါး (၁၀၈)ပါး ႐ွင္ျပဳရဟန္းခံအလႉႀကီးျပဳကို ေအာင္ဇမၺဴေက်ာင္းမွာျပဳလုပ္ခဲ့ပါတယ္..။

႐ွင္အပါး (၁၀၈) ပါး႐ွင္ျပဳအလႉႀကီးနဲ႔အတူ ဝတၳဳ သကၤန္း ႏွင့္ ေန႔ဆြမ္းဆက္ကပ္လႉဒါန္းတဲ့အလႉကိုလည္းျပဳလုပ္ခဲ့ၿပီး ေအာင္ဇမၺဴေက်ာင္းသို႔လာေရာက္ေသာဘုရားဖူးမ်ားအတြက္ ၾကာဇံေၾကာ္ စတုဒီသာအလႉႀကီးလည္းေပးခဲ့ပါေသးတယ္။ ပရိသတ္ႀကီးေရ စမိုင္းလ္ရဲ႕ ေမြးေန႔အလႉကေတာ့ တကယ္မြန္ျမတ္လွပါတယ္ေနာ္။ဖတ္ရႉ့ေပးၾကတဲ့ပရိတ္သတ္ႀကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

Source – စမိုင္းလ္ Smile

ချစ်လှစွာသော ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ တစ်ခေတ်တစ်ခါက သရုပ်ဆောင်မင်းသမီးတစ်ယောက်အနေနဲ့ အနုပညာလောကမှအောင်မြင်မှုတွေရရှိခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာလောကကနေ အချိန်တော်တော်ကြာပျောက်ကွယ်သွားခဲ့ပြီး မကြာသေးခင်အချိန်ကမှာ ပရိသတ်တွေရဲ့ ရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ သူလည်းဖြစ်ပါတယ်..။

စမိုင်းလ်ကတော့ အလှူအတန်းရက်ရောလွန်းလှပြီး အလှူကြီးအတန်းကြီးတွေကို မကြာခဏဆိုသလိုပြုလုပ်လေ့ရှိတာကြောင့် ပရိသတ်တွေက ချီးကျူးအားကျ လေးစားနေရတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ စမိုင်းလ်ကတော့ ဒီနေ့မှာလည်း သူ့ရဲ့ (၃၈) နှစ်ပြည့်မွေးနေ့အလှူအနေနဲ့ ရှင်အပါး (၁၀၈)ပါး ရှင်ပြုရဟန်းခံအလှူကြီးပြုကို အောင်ဇမ္ဗူကျောင်းမှာပြုလုပ်ခဲ့ပါတယ်..။

ရှင်အပါး (၁၀၈) ပါးရှင်ပြုအလှူကြီးနဲ့အတူ ဝတ္ထု သင်္ကန်း နှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းတဲ့အလှူကိုလည်းပြုလုပ်ခဲ့ပြီး အောင်ဇမ္ဗူကျောင်းသို့လာရောက်သောဘုရားဖူးများအတွက် ကြာဇံကြော် စတုဒီသာအလှူကြီးလည်းပေးခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ စမိုင်းလ်ရဲ့ မွေးနေ့အလှူကတော့ တကယ်မွန်မြတ်လှပါတယ်နော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – CeleZone