Source: Khin San Win’s fb
ချစ်လှစွာသော ပရိတ်သတ်ကြီးရေ မိတ်ကပ်ခင်စန်းဝင်းကတော့ မိတ်ကပ်လောကရဲ့နာမည်ကြီး ပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်သလို ဆယ်လီဘရစ်တီတစ်ယောက်လည်းဖြစ်တဲ့ ခင်စန်းဝင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားတစ်ကားလည်း ရိုက်ကူးခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခင်စန်းဝင်းက သူမရဲ့ဖုန်းကိုဆက်ပြီး ငွေကြေးလိမ်လည်သူတစ်ယောက်နဲ့ ကြုံဆုံခဲ့ရကြောင်း ပရိသတ်တွေကိုအခုလိုပဲ သတိပေးလာခဲ့ပါတယ်..။
ခင်စန်းဝင်းက “ ကမ္ဘောဇဘဏ်ကလိုလိုနဲ့ ဖုန်းတလုံးဝင်လာတယ်။ Kpay သုံးနေတာကြာပြီလားတဲ့။ သက်တမ်းဘယ်လောက်ရှိပြီလဲတဲ့။ အခုဖုန်းထဲကိုမက်ဆေ့ချ်ဝင်လာလိမ့်မယ်တဲ့ ဝင်လားတဲ့။ ဟုတ်ကဲ့ဝင်တယ်ဆိုတော့ နောက်ထပ်မက်ဆေ့ချ်တစောင်ထပ်ဝင်လားတဲ့။ ဝင်ရင်အဲ့ဒီနံပါတ်ပြောပြပေးပါတဲ့။ မက်ဆေ့ချ်မှာဒီကုတ်နံပါတ်မည်သူ့ကိုမှမပေးပါနဲ့လို့ ရေးထားတာသူ့ကိုပြောပါဆိုတော့ လူလိမ်မ အားလုံးကိုသတိထားစေချင်လို့ပါ။ ဂရုစိုက်ကြပါ ” ဟုဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်..။
ခင်စန်းဝင်းကတော့ သူမရဲ့ဖုန်းနံပါတ်ကိုဆက်ပြီး KPay ကုဒ်နံပါတ်တောင်းလာခဲ့တဲ့ လူလိမ်အကြောင်းကို အားလုံးသတိထားနိုင်ဖို့ ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အစစအရာရာ သတိထားကြပါလို့ ထပ်မံပြီးပြောပါရစေနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit ; Cele Active World