


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ မြန်မာ့ရုပ်ရှင်လောကမှာ ပါးချိုင့်ချိုချိုအပြုံးချိုချိုလေးနဲ့ သဘာဝကျတဲ့ သရုပ်ဆောင် မင်းသမီးကြီး အကယ်ဒမီချိုပြုံးကိုတော့ ပရိသတ်တိုင်းသိမှာပါ။ သရုပ်ဆောင်ကောင်းလွန်းတဲ့ သူမဟာအဖြူအမဲရုပ်ရှင် ခေတ်ထဲကအောင်မြင်ကျော်ကြားလာခဲ့တာ အခုဆိုအမေခန်း အဖွားခန်းတွေပါရိုက်နေရဆဲဖြစ်တဲ့ ဝါရင့်မင်းသမီးကြီးတစ်ယောက်လည်း ဖြစ်ပါတယ်..။

ဒီနေ့မှာတော့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ချိုပြုံးကတော့ လည်ပင်းအကျိတ်ရောဂါကိုခွဲစိပ်ကုသရန်အတွက် ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ရှိနေတာပါဖြစ်ပါတယ်။ အခုလိုအကြောင်းအရာနဲ့ပတ်သက်ပြီးဆရာ ဦးဝင်းငြိမ်းက ချိုပြုံး ဆေးရုံတက်နေရပါပြီ..။

မနက်ဖြန်လည်ချောင်းကအကျိတ်ခွဲရမယ်လို့ သမီးမိုးမိုးကပြောပါတယ်။ အားလုံးကချစ်တဲ့ကောင်မလေးအတွက် ဆုတောင်းမေတ္တာ ပို့သပေးကြရအောင်ပါလို့ သူလက်ရှိအသုံးပြုနေတဲ့ လူမှုကွန်ယက် စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်နော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit