


Source – Aye Thaung

ချစ်လှစွာသော ပရိသတ်ကြီးရေ ရုပ်ရှင်နှင့်ဗွီဒီယိုဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အေးဝတ်ရည်သောင်းခေါ်မအေးသောင်းကိုတော့ လူတိုင်းသိရှိပြီးဖြစ်ပါတယ်။ မအေးသောင်းကတော့ ရုပ်ရှင်အနုပညာလောကကနေပျောက်ကွယ်သွားပြီး နှစ်များစွာအကြာမှပြန်ပေါ်လာခဲ့တာဖြစ်ပါတယ်။ သူမကမကြာသေးခင်အချိန်ကမှ ထိုင်းနိုင်ငံမှာသူမရဲ့ချစ်သူနဲ့အတူ မင်္ဂလာပွဲကိုကျင်းပပြီးစီးခဲ့တာပဲဖြစ်ပါတယ်။ ပုရိသတွေရဲ့ သဲသဲလှုပ်ချစ်ခင်ခြင်းကိုခံရတဲ့အေးသောင်းရဲ့ လက်ထပ်ပွဲသတင်းကြောင့် ပုရိသတွေအသဲကွဲခဲ့ရပါသေးတယ်..။

အေးသောင်းကတော့ လက်ရှိအိမ်ထောင်ကျပြီးနောက်ပိုင်းမှာ သူ့ရဲ့ခင်ပွန်းနဲ့ပတ်သက်တဲ့ပိုစ့်လေးတွေတင်ပြီး ပရိသတ်တွေကအပျိုကြီးတစ်ယောက်အိမ်ထောင်ကျပြီးခင်ပွန်းကို အချစ်ပိုနေတယ်လို့ စနောက်တဲ့အခါမှာ သူကိုယ်တိုင်လည်းပြန်လည်စနောက်ပြီး သူနဲ့သူ့ပရိသတ်တွေကြားက ချစ်စရာကောင်းလှတဲ့ ဆက်သွယ်မှုလေးတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ မအေးသောင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ပုံလေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်..။

ပုံလေးတွေထဲမှာတော့ မအေးသောင်းက အိမ်ထောင်ကျပြီးနောက်မှာ အိမ်ထောင်မကျခင်ကထက်တောင်ပိုပြီး အရွယ်တင်နုပျိုကာ လှပနေခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ မအေးသောင်းကိုတော့ သူ့ပရိသတ်တွေက အမျိုးသားက စိတ်ချမ်းသာအောင်ထားလို့ ဒီလောက်လှနေတာလားလို့ စနောက်နေခဲ့ကြပါသေးတယ်နော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – CeleGabar