


Source: Yoon Myat Thu’s fb

ပရိသတ်ကြီးရေ အဆိုတော် ယွန်းမြတ်သူကတော့ အသည်းကွဲသီချင်းတွေကို အများဆုံးသီဆိုရင်း ပရိသတ်တွေရဲ့အားပေးမှုကို အခံရဆုံး အဆိုတော်တစ်ယောက်ပါပဲ…။ သီချင်းကောင်းတွေနဲ့အောင်မြင်မှု တရှိန်ထိုးရရှိနေဆဲအချိန်မှာပဲ အိမ်ထောင်ပြုခဲ့တဲ့ အဆိုတော် ယွန်းမြတ်သူဟာ အိမ်ထောင်သည်ဖြစ်သွားခဲ့ပေမယ့် သူမရဲ့ အနုပညာ အလုပ်တွေကိုလည်း ရပ်တံ့သွားခြင်းမရှိပဲ လုပ်ကိုင်နေဆဲပဲဖြစ်ပါတယ်…။ ယွန်းမြတ်သူဟာ သူမရဲ့ ပရိသတ်တွေအတွက် သီချင်းသစ်တွေကို အမြဲတမ်းချပြနေပြီး အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်…။

အသံပါဝါအားကောင်းတဲ့အပြင် သီချင်းဆိုလည်းကောင်းတဲ့ ယွန်းမြတ်သူဟာ ဒီနေ့မှာလည်း ပရိသတ်တွေကို သီချင်းလေးတစ်ပိုဒ်သီဆိုပြလာခဲ့တာကို တွေ့ရပါတယ်…။ အဆိုတော်ယွန်းမြတ်သူက လတ်တလောရေပန်းစားနေတဲ့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ဝင်တေး “ဒေါင်းယာဉ်ပျံမှာရေးတဲ့စာ” သီချင်းလေးကို သီဆိုပြလာခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်…။

“ဒေါင်းယာဉ်ပျံမှာရေးတဲ့စာ” သီချင်းလေးကတော့ ပရိသတ်တွေရဲ့အကြိုက်ဖြစ်နေသလို ယွန်းမြတ်သူ ကိုယ်တိုင်ကလည်း အရမ်းကြိုက်တဲ့ သီချင်းလေးတစ်ပုဒ်လည်းဖြစ်ပါတယ်…။ ပရိသတ်ကြီးလည်း ယွန်းမြတ်သူသီဆိုထားတဲ့ “ဒေါင်းယာဉ်ပျံမှာရေးတဲ့စာ” သီချင်းလေးကို နားဆင်ပြီး ကျေနပ်ကြမယ်လို့ထင်ပါ တယ်နော်…။

Credit ; Cele Active World