


Source – Khine Hnin Wai
Credit – CeleGabar

ချစ်ပရိသတ်ကြီးရေ အာကြီးကတော့ ပရိသတ်တွေကို အထူးတလည်မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်နှီးချစ်ခင်ပြီးသားဖြစ်မှာပါနော်…။ ခိုင်နှင်းဝေ ရဲ့ ဂေဟာက ကလေးတွေထဲမှာ အချွဲဆုံးလေးဖြစ်ပြီး ချစ်အောင်လည်းနေတတ်သလို ချစ်မွှေးလည်း ပါလွန်းလှတာကြောင့် ပရိသတ်အချစ်ပိုနေရတဲ့ကလေးလေးတစ်ယောက် ပဲဖြစ်ပါတယ်…။

ဒီနေ့မှာလည်း ခိုင်နှင်းဝေ ကတော့ အာကြီးရဲ့ ချစ်စရာကောင်းလှတဲ့ ဗီဒီယိုလေးတစ်ခုကို သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေလာခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ မေမေခိုင်နှင်းဝေက ဂေဟာကို လာရောက်ချိန်မှာ တခြားကလေးတွေက အနားမှာဝိုင်းပြီး အာဘွားတွေပေးကြတာကို အာကြီးက မနာလိုဖြစ်ပြီး ငိုနေခဲ့ တာပဲဖြစ်ပါတယ်….။

ပရိသတ်တွေကတော့ ဒီဗီဒီယိုလေးကိုကြည့်ပြီး အာကြီးတစ်ယောက် မေမေခိုင်နှင်းဝေ ကို သူတစ်ယောက်တည်းအပိုင်လိုချင် ချစ်ချင်တဲ့ ပုံစံလေးကိုကြည့်ပြီး အသဲတယားယားနဲ့ အချစ်ပိုနေခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးရေ ချစ်စရာကောင်းလှတဲ့ အာကြီးရဲ့ ဒီဗီဒီယိုလေးကို ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ်နော်…။

Source – Khine Hnin Wai
Credit – CeleGabar