ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့အပြင် ပြောတာတွေပိုင်ပိုင်နိုင်နိုင်ရှိတဲ့ နေခြည်ဦးကို အရမ်းသတ္တိကောင်းတယ်လို့ ဆိုလာတဲ့ အကယ်ဒမီ ဝါဝါအောင်

ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဝါဝါအောင်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ စွယ်စုံရအနုပညာရှင်တစ်

ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုအချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူမကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေး

မှုကို အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။ သူမကတော့ ကျရာနေရာမှာအကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေတဲ့ အနုပညာ

ရှင်တစ်ယောက်ပဲဖြစ်ပါတယ်။အန်တီဝါကတော့ ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှုတစ်ခုမှာ နာမည်ကျော် Beauty Blogger/မင်းသမီး နေခြည်ဦး ကို အရမ်းသတ္တိကောင်းတယ်လို့ ပြောလာခဲ့တာဖြစ်ပါတယ်“နေခြည်ဦးက ချစ်စရာလည်းကောင်းတယ် သူ့ကိုယ်သူလည်း ယုံကြည်မှု

အပြည့်ရှိတယ် ပြောတာတွေက ပိုင်ပိုင်နိုင်နိုင်လေးလည်းပြောတယ် သူအရှေ့ကလုပ်တဲ့ ဘလော့ဂါဘာညာဆိုတာတော့

အန်တီဝါ မကျွမ်းဘူး မသိဘူး ဒါမဲ့ သူနဲ့တော့ ကားရိုက်တော့ မဆုံဖူးဘူး အင်တာဗျူးလေးတွေကြည့်နေရင်းနဲ့ကို သူ့ကို

သဘောကျတယ်သူက သတ္တိလည်းကောင်းတယ် သတ္တိရှိတယ် သူဘာလုပ်တယ် သူမျက်နှာကိုဘာတွေပြင်တယ်ဆိုတာက

အစ ချလည်းချပြတယ် တကယ်သတ္တိရှိတယ် သတ္တိရှိရမယ် လုပ်ရဲရမယ် ဇွဲလည်းရှိရမယ်ပေါ့နော်
အန်တီဝါငယ်ငယ်တုန်းက သူ့လောက်သတ္တိမရှိဘူး ကံတရားလေးကောင်းလို့သာ အန်တီဝါ ဒီလိုအနေအထား

ထိ ရောက်လာတာပေါ့နော် အချိုးအကွေ့တွေကိုလက်ခံနိုင်ရမယ် ကျော်ဖြတ်နိုင်ရမယ် ဒါတွေကို သတ္တိရှိရှိနဲ့ လုပ်ရမှာပေါ့”

လို့ နေခြည်ဦးကို ချီးကျူးလာခဲ့တာပါ။အကယ်ဒမီ မရတဲ့ဇာတ်ပို့သရုပ်ဆောင်တွေကို ခွဲခြားဆက်ဆံတတ်ပုံကိုလည်း

“တခါတလေကျတော့လည်းရှိတော့ရှိပါတယ် အန်တီဝါအကယ်ဒမီမရခင်အထိ ပေါ့နော် တချို့တွေက သူတို့သားသမီး သရုပ်ဆောင်တွေကို

အကယ်ဒမီရပြီးတဲ့သူတွေနဲ့ တွဲသရုပ်ဆောင်ချင်တာတွေဘာတွေ ဖြစ်ခဲ့တယ် အန်တီဝါနဲ့ ချိတ်ထားပြီးမှ ဖယ်လိုက်တာလည်းရှိဖူးတယ်ပေါ့

ဒါပေမယ့်အန်တီဝါနားလည်ပါတယ် ကိုယ်ပိုကြိုးစားရမယ်ဆိုတာလည်းသိသွားတာပေါ့အဲ့လို ကြိုးစားရာကနေ အကယ်ဒမီ

ဝါဝါအောင်ဆိုပြီး ဒီဘဝရောက်လာခဲ့တာပေါ့ အဲ့လို အကယ်ဒမီ ရသွားတဲ့ အချိန်မှာတော့ သူတို့ အမြင်တွေက ပြောင်းသွားတာပေါ့

အဲ့လိုဆိုတော့လည်းကိုယ် ကြိုးစားရကျိုးနပ်တာပေါ့ အချိန်အခါပါပဲ ” လို့ ဆိုလာခဲ့တာဖြစ်ပါတယ်နော်။အဆုံးထိဖတ်ရှုပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်နော်….

zaw gyi

ကိုယ့္ကိုယ္ကိုယုံၾကည္မႈအျပည့္ရွိတဲ့အျပင္ ေျပာတာေတြပိုင္ပိုင္ႏိုင္ႏိုင္ရွိတဲ့ ေနျခည္ဦးကို အရမ္းသတၱိေကာင္းတယ္လို႔ ဆိုလာတဲ့ အကယ္ဒမီ ဝါဝါေအာင္

ဝါရင့္အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ ဝါဝါေအာင္ကေတာ့ အႏုပညာေလာကမွာ ေနရာတစ္ခုကိုရယူထားႏိုင္ခဲ့တဲ့ စြယ္စုံရအႏုပညာရွင္တစ္

ေယာက္ပဲျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြကိုအခ်ိန္အေတာ္ၾကာလုပ္ကိုင္လ်က္ရွိေနခဲ့တဲ့ သူမကေတာ့ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပး

မႈကို အခိုင္အမာရယူထားႏိုင္ခဲ့ပါတယ္။ သူမကေတာ့ က်ရာေနရာမွာအေကာင္းဆုံးနဲ႔ အပီျပင္ဆုံးသ႐ုပ္ေဆာင္လ်က္ရွိေနတဲ့ အႏုပညာ

ရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။အန္တီဝါကေတာ့ ယခုရက္ပိုင္း မီဒီယာေတြ႕ဆုံမႈတစ္ခုမွာ နာမည္ေက်ာ္ Beauty Blogger/မင္းသမီး ေနျခည္ဦး ကို အရမ္းသတၱိေကာင္းတယ္လို႔ ေျပာလာခဲ့တာျဖစ္ပါတယ္“ေနျခည္ဦးက ခ်စ္စရာလည္းေကာင္းတယ္ သူ႔ကိုယ္သူလည္း ယုံၾကည္မႈ

အျပည့္ရွိတယ္ ေျပာတာေတြက ပိုင္ပိုင္ႏိုင္ႏိုင္ေလးလည္းေျပာတယ္ သူအေရွ႕ကလုပ္တဲ့ ဘေလာ့ဂါဘာညာဆိုတာေတာ့

အန္တီဝါ မကြၽမ္းဘူး မသိဘူး ဒါမဲ့ သူနဲ႔ေတာ့ ကား႐ိုက္ေတာ့ မဆုံဖူးဘူး အင္တာဗ်ဴးေလးေတြၾကည့္ေနရင္းနဲ႔ကို သူ႔ကို

သေဘာက်တယ္သူက သတၱိလည္းေကာင္းတယ္ သတၱိရွိတယ္ သူဘာလုပ္တယ္ သူမ်က္ႏွာကိုဘာေတြျပင္တယ္ဆိုတာက

အစ ခ်လည္းခ်ျပတယ္ တကယ္သတၱိရွိတယ္ သတၱိရွိရမယ္ လုပ္ရဲရမယ္ ဇြဲလည္းရွိရမယ္ေပါ့ေနာ္
အန္တီဝါငယ္ငယ္တုန္းက သူ႔ေလာက္သတၱိမရွိဘူး ကံတရားေလးေကာင္းလို႔သာ အန္တီဝါ ဒီလိုအေနအထား

ထိ ေရာက္လာတာေပါ့ေနာ္ အခ်ိဳးအေကြ႕ေတြကိုလက္ခံႏိုင္ရမယ္ ေက်ာ္ျဖတ္ႏိုင္ရမယ္ ဒါေတြကို သတၱိရွိရွိနဲ႔ လုပ္ရမွာေပါ့”

လို႔ ေနျခည္ဦးကို ခ်ီးက်ဴးလာခဲ့တာပါ။အကယ္ဒမီ မရတဲ့ဇာတ္ပို႔သ႐ုပ္ေဆာင္ေတြကို ခြဲျခားဆက္ဆံတတ္ပုံကိုလည္း

“တခါတေလက်ေတာ့လည္းရွိေတာ့ရွိပါတယ္ အန္တီဝါအကယ္ဒမီမရခင္အထိ ေပါ့ေနာ္ တခ်ိဳ႕ေတြက သူတို႔သားသမီး သ႐ုပ္ေဆာင္ေတြကို

အကယ္ဒမီရၿပီးတဲ့သူေတြနဲ႔ တြဲသ႐ုပ္ေဆာင္ခ်င္တာေတြဘာေတြ ျဖစ္ခဲ့တယ္ အန္တီဝါနဲ႔ ခ်ိတ္ထားၿပီးမွ ဖယ္လိုက္တာလည္းရွိဖူးတယ္ေပါ့

ဒါေပမယ့္အန္တီဝါနားလည္ပါတယ္ ကိုယ္ပိုႀကိဳးစားရမယ္ဆိုတာလည္းသိသြားတာေပါ့အဲ့လို ႀကိဳးစားရာကေန အကယ္ဒမီ

ဝါဝါေအာင္ဆိုၿပီး ဒီဘဝေရာက္လာခဲ့တာေပါ့ အဲ့လို အကယ္ဒမီ ရသြားတဲ့ အခ်ိန္မွာေတာ့ သူတို႔ အျမင္ေတြက ေျပာင္းသြားတာေပါ့

အဲ့လိုဆိုေတာ့လည္းကိုယ္ ႀကိဳးစားရက်ိဳးနပ္တာေပါ့ အခ်ိန္အခါပါပဲ ” လို႔ ဆိုလာခဲ့တာျဖစ္ပါတယ္ေနာ္။အဆုံးထိဖတ္ရႈေပးၾကတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္ေနာ္….