BIRTHDAY SURPRISE လုပ်ခံခဲ့ရတဲ့ တိုင်ရွန်ရဲ့အကြောင်းလေးကို Cele Top Stars ပရိတ်သတ်ကြီးအတွက်
ပြန်လည်မျှဝေလိုက်ပါတယ်။ာမွေးနေ့မှာ ထူးထူးဆန်းဆန်းကိတ်ကြီးနဲ့ သူငယ်ချင်းတွေဆီက BIRTHDAY SURPRISE
လုပ်ခံခဲ့ရတဲ့ တိုင်ရွန်ရဲ့ ဗီဒီယိုတက်တူးတွေအပြည့်နဲ့ မင်းသားချော တိုင်ရွန်ကတော့ ပျိုပျိုမေ မိန်းကလေးတွေရဲ့
နှလုံးသားကို အပြည့်အဝ ဖမ်းစားထားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ တိုင်ရွန်ကတော့ ရုပ်ရည်ချောမောရုံသာမကပဲ
အနုပညာအရည်အချင်းကလည်း အပြည့်အဝရှိသူမို့ ပရိသတ်တွေရဲ့ အားပေးမှုကို ဒီနေ့ဒီအချိန်ထိ
လက်ဝယ်ရရှိပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တိုင်ရွန်ကလည်း သူ့ရဲ့ ပရိသတ်တွေအတွက် မရိုးနိုင်တဲ့
အနုပညာလှုပ်ရှားမှုတွေကို ချပြဖို့ အမြဲတမ်း ကြိုးစားနေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။
ဒီကနေ့ နိုဝင်ဘာလ (၂၇) ရက်နေ့ကတော့ တိုင်ရွန်ရဲ့ အသက် (၂၇) နှစ်ပြည့် မွေးနေလေးပဲ ဖြစ်ပါတယ်။
တိုင်ရွန်ကတော့ သူ့ရဲ့ မွေးနေ့ညမှာ ဘာအစီအစဉ်မှမရှိပဲ နေအိမ်မှာနေခဲ့ပေမယ့် သူ့ရဲ့ သူငယ်ချင်း
အပေါင်းအသင်းတွေကတော့ တိုင်ရွန်တစ်ယောက် အံ့သြဝမ်းသာသွားရအောင် ထူးထူးဆန်းဆန်းမွေးနေ့ကိတ်ကြီးနဲ့
Birthday Surprise ခဲ့တာကို အခုလိုပျိုးပဲ တွေ့ရပါတယ်။တိုင်ရွန်ကတော့ သူ့ကိုချစ်ကြတဲ့
အပေါင်းအသင်းရောင်းရင်းတွေကြောင့် မွေးနေ့ညလေးမှာ ထင်မထားလောက်အောင် အံ့သြဝမ်းသာသွားခဲ့တာပဲ
ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင် တိုင်ရွန်အတွက် မွေးနေ့ဆုတောင်းစကားလေးတွေ
ပြောခဲ့ကြပါဦးနော်။အစမှ အဆုံးဖတ် ပေးသော ပရိတ်သတ်ကြီးအားကျေးဇူးတင်ပါတယ် ။
အနုပညာရှင်တွေရဲ့ သတင်းတွေကို အစဉ်အပျက် တင်ဆက်ပေးနေသော Cele Top Stars page
လေးကို like and share လေးပြုလုပ်ပေးကျပါအုံးနော် ဖတ်ရှုပေးကြတဲ့ Cele top stars
ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။