CDM လုပ်နေကြသူများတကယ်တော့ ဝန်ထမ်းတွေ CDM လုပ်ရတာ အခက်အခဲတွေအများကြီးစွန့်လွှတ် အနစ်နာခံပြီးစတေးရတာတွေအများကြီးလေအလုပ်ကလည်းပြုတ်နိုင်တဲ့အပြင်အခန့်မသင့်ရင်အဖမ်းပါခံရနိုင်တာကိုးအပြောက်ရှင်းခံရတဲ့သူတွေလည်း ရှိနိုင်ပါတယ်ဒါပေမယ့်ကျွန်တော်တို့လည်းတူတူပါပဲဒီတော်လှန်ရေးကဘယ်နေ့ဘယ် ပုံစံနဲ့စွန့်ခွာသွားရမလဲမသိ မနက်ဖြန်ထားလို့စက္ကန့်ပိုင်းအတွင်းမှာအချိန်မရွေးသေသွားနိုင်တဲ့သူတွေပါ CDM လုပ်တဲ့သူရဲကောင်းဝန်ထမ်းများPressure မပိစေဖို့လမ်းပေါ်တက်ရုန်းကန်နေကြတာပါ

ဝန်ထမ်းတွေကိုCDM လုပ်ခိုင်းဖို့စည်းရုံးရတာသိပ်အားနာရပေမယ့်နိုင်ငံကိုကယ်တင်နိုင်မယ့် ကယ်တင်ရှင်တွေဖြစ်တဲ့ အတွက် ကျွန်တော်တို့အသက်တွေမိသားစုတွေ ဘဝ အနာဂါတ်တွေနဲ့ရင်းပြီးကြိုးစားခဲ့ကြတယ်အောင်မြင်မှုအထိုက်အလျောက်ရတယ် ဝန်ထမ်းအများစုနားလည်ကြတယ်တကယ်လည်း သတ္တိရှိရှိ CDMမှာအနစ်နာခံပြီးတိုင်းပြည်အနာဂါတ်အကျိုးသယ်ပိုးကြသူများပါသိပ်လေးစားပါတယ်အရမ်းအားတက်ပါတယ်ကျေးဇူးလဲ တင်ဂုဏ်လဲယူတယ်ဗျာ

CDMကိုဝင်မပါကြသူ ဝန်ထမ်းများကိုရောSorry ပါပဲCDMစာရင်းပိတ်လိုက်ပါပြီနေကြပါတော့ သူ့စိတ်နဲ့ သူလေပုံမှန်ဘဝမှပဲနေချင်ကြတယ်ပြောင်းလဲချင်တဲ့စိတ်မရှိတိုင်းပြည်အရေးထက်ကိုယ့်အရေးကိုယ့်မိသားစုအရေးပဲကိုယ်ပို ဂရုစိုက်တယ်တနည်းအားဖြင့်တိုင်းပြည်ကိုကယ်တင်ခွင့် ရှိရဲ့နဲ့လူငယ်လေးတွေ ပြည်သူတွေဒီလောက်သေနေကြတာတောင်မှမသိချင်ယောင်မကြား ချင်ယောင်

မမြင်ချင်ယောင်ဆောင်နေကြသူများနောက်တစ်နည်းအားဖြင့် မတရားမှုကိုအားပေးသူများ ပြည်သူ့လစာစား ပြီးပြည်သူကိုမကယ်တင်ရဲသူခပ်ညံ့ညံ့သွေးကြောင်တဲ့လူတွေကိုးစစ်တပ်နဲ့ရဲလိုပဲပြည်သူတွေ လမ်းပေါ်သေနေတာကိုမငဲ့ညှာ တဲ့အာဏာရှင်ရဲ့ကျွန်တွေ တိုင်းပြည်သစ္စာဖေါက်တွေပေါ့လေ

ခင်များတို့အိမ်ကိုတံခါးလာမဖျက်ခင်အချိန်ထိတော့ခင်များတို့ရထားတဲ့ကျွန် ဘဝသက်ဆိုးရှည်နေဦးမှာပေါ့ကျွန်တော်တို့နိုင်မယ့်ပွဲနော်ကျွန်တော်တို့နိုင်မယ့်ပွဲပါခင်မျထပ်ပြောမယ်CDMစာရင်းပိတ်ပါပြီကျွန်တော်တို့ပြည်သူသန်းခြောက်ဆယ်ဆန့်တဲ့ထောင် ကမ္ဘာပေါ်မှာမရှိသေးဘူးပြည်သူ့အားနဲ့ဆက်တိုက်ပါမယ်အောင်တဲ့အထိ သေတဲ့အထိဆက်တိုက် ပါမယ်

ကျွန်တော်တို့ရဲ့မျိုးဆက်သစ်သားသမီးတွေနဲ့ တိုင်းပြည်အနာဂါတ်အတွက်ကျွန်တော့်အသက်ကိုပေးလှုပါတယ်ကျွန်တော်တို့မရှိရင်လည်းကျန်ခဲ့သူတွေဆက်ချီတက်နေဦးမယ်ဆိုတာယုံကြည်ပါတယ်အရေးတော်ပုံ အောင် ရမည်။

Credit ; celeupdatenews