မဂၤလာပါ ပရိသတ္ႀကီးေရ ပရိသတ္အခ်စ္ေတာ္ပိုင္ၿဖိဳးသုကေတာ့ အခုျဖစ္ေပၚေနတဲ့ အေျခအေနေတြတဲ့ပတ္သက္ၿပီးလည္း တက္ႏိုင္တဲ့ဘက္က အစြမ္းကုန္ ျပည္သူတစ္ေယာက္အေနနဲ႔ ပါဝင္ရပ္တည္ေပးခဲ့တာေၾကာင့္အားလုံးက ေလးစားခ်စ္ခင္ေနၾက တာပါ။လမ္းေပၚထြက္ကာ လႈပ္ရွားမႈေတြျပဳလုပ္ခဲ့သလို သတင္းအခ်က္အလက္ေတြကိုအမွန္ကန္ဆုံးနဲ႔အထိေရာက္ဆုံးျဖစ္ေအာင္ႏိုင္ငံတကာကသတင္းဌာနေတြအထိ ေျပာျပေပးေနတာလည္းေတြရပါတယ္။

အခုလိုမ်ိဳး လုပ္ေဆာင္ခဲ့တာေတြေၾကာင့္ ၿခိမ္းေျခာက္ခံရမႈေတြရွိေနခဲ့ေပ မယ့္လည္း ေၾကက္႐ြံျခင္းမရွိဘဲ ခုခ်ိန္ထိရရာေနရာကေန ျပည္သူေတြနဲ႔အတူ ဆက္လက္တိုက္ပြဲဝင္ေနဆဲပါ။ CDM မွာပါဝင္ခဲ့တဲ့ ဝန္ထမ္းေတြကိုလည္း စားဝတ္ေနေရး အဆင္ေျပေစရန္ အလႉေငြေတြလည္း လႉဒါန္းခဲ့ရာ ေလးစားစြာေတြ႕ျမင္ရပါတယ္။အခုလည္း CDM လုပ္ေနတဲ့ဝန္ထမ္းေတြဆီကို ကိုယ္တိုင္သြားေရာက္ကာ က်န္းမာေရးေစာင့္ေရွာက္မႈေတြျပဳလုပ္ေပးခဲ့ျပန္ပါတယ္။ သူ႔ရဲ႕လူမႈကြန္ရက္မွာေတာ့ ” CDMဝန္ထမ္းေတြကိုက်န္းမာေရးေစာင့္ေရွာက္မႈသြားေပးၾကတဲ့ CDMဆရာဝန္ေတြအဖြဲ႕နဲ႔လိုက္လုပ္အားေပးျဖစ္ပါတယ္…ဆရာဝန္အျဖစ္ေဆးမကုတာၾကာၿပီျဖစ္တာကတစ္ေၾကာင္း(ေက်ာင္းတုန္းကတည္းကလည္းကိုယ္ကပါခ်ီပါခ်ဲ႕ဆရာဝန္ စာေတာ္ တာမဟုတ္)

ဆမလည္းမရွိတာမို႔ ေဆးကုသမႈအပိုင္းကိုတာဝန္မယူပဲ CDMသူနာျပဳဆရာမေလးေတြနဲ႔အတူ အထူးကု ဆရာဝန္ေတြမၾကည့္ခင္မွာ Vital signsေတြယူေပးရတဲ့တာဝန္ကိုပဲယူခဲ့ပါတယ္…CDMဝန္ထမ္းေတြအတြက္ တစ္ခုခုျပန္လည္လုပ္ေပးခြင့္ရခဲ့လို႔ ေပးjoinတဲ့အကိုအမေတြသူငယ္ခ်င္းေတြကိုအထူးေက်းဇူးပါ…နားၾကပ္မကိုင္တာ(၆)ႏွစ္အၾကာျပန္ကိုင္ေတာ့အရင္လိုဗမာအက်ႌဝမ္းဆက္နဲ႔မဟုတ္ ဝရမ္းေျပးဖက္ရွင္နဲ႔ျဖစ္ေနရတာေတာ့အမွတ္တရပါပဲ…ဦးဏႀကီးေရာလို႔ေမးရင္…ဟုတ္ကဲ့ပါပါတယ္ရွင္(သူကCDMဝန္ထမ္းေတြအတြက္အလႉေငြေကာက္ခံရရွိထားတာေတြကို ဦးေဆာင္သူအမေတြလက္ထဲလိုက္လႊဲေပးတာပါ)ဟိုဘက္ရပ္ကြက္ကဘာစာထုတ္ထားထုတ္ထားကြၽန္မတို႔ဒီဘက္ရပ္ကြက္ကအဖက္မလုပ္ပါဘူးရွင္…ကိုယ့္လူေတြအတြက္ ကိုယ္လုပ္ႏိုင္သမွ်ေတာ့ရွာႀကံလုပ္ေနၾကမွာပါ…အေရးေတာ္ပုံေအာင္ရမည္” ဆိုတဲ့စာေလးနဲ႔အတူ႔ျပည္သူေတြအားတက္စရာေျပာျပေပးထ ားပါတယ္။

Source: Paing Phyoe Thu

မင်္ဂလာပါ ပရိသတ်ကြီးရေ ပရိသတ်အချစ်တော်ပိုင်ဖြိုးသုကတော့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေတဲ့ပတ်သက်ပြီးလည်း တက်နိုင်တဲ့ဘက်က အစွမ်းကုန် ပြည်သူတစ်ယောက်အနေနဲ့ ပါဝင်ရပ်တည်ပေးခဲ့တာကြောင့်အားလုံးက လေးစားချစ်ခင်နေကြ တာပါ။လမ်းပေါ်ထွက်ကာ လှုပ်ရှားမှုတွေပြုလုပ်ခဲ့သလို သတင်းအချက်အလက်တွေကိုအမှန်ကန်ဆုံးနဲ့အထိရောက်ဆုံးဖြစ်အောင်နိုင်ငံတကာကသတင်းဌာနတွေအထိ ပြောပြပေးနေတာလည်းတွေရပါတယ်။

အခုလိုမျိုး လုပ်ဆောင်ခဲ့တာတွေကြောင့် ခြိမ်းခြောက်ခံရမှုတွေရှိနေခဲ့ပေ မယ့်လည်း ကြေက်ရွံခြင်းမရှိဘဲ ခုချိန်ထိရရာနေရာကနေ ပြည်သူတွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်နေဆဲပါ။ CDM မှာပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေကိုလည်း စားဝတ်နေရေး အဆင်ပြေစေရန် အလှူငွေတွေလည်း လှူဒါန်းခဲ့ရာ လေးစားစွာတွေ့မြင်ရပါတယ်။အခုလည်း CDM လုပ်နေတဲ့ဝန်ထမ်းတွေဆီကို ကိုယ်တိုင်သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပေးခဲ့ပြန်ပါတယ်။ သူ့ရဲ့လူမှုကွန်ရက်မှာတော့ ” CDMဝန်ထမ်းတွေကိုကျန်းမာရေးစောင့်ရှောက်မှုသွားပေးကြတဲ့ CDMဆရာဝန်တွေအဖွဲ့နဲ့လိုက်လုပ်အားပေးဖြစ်ပါတယ်…ဆရာဝန်အဖြစ်ဆေးမကုတာကြာပြီဖြစ်တာကတစ်ကြောင်း(ကျောင်းတုန်းကတည်းကလည်းကိုယ်ကပါချီပါချဲ့ဆရာဝန် စာတော် တာမဟုတ်)

ဆမလည်းမရှိတာမို့ ဆေးကုသမှုအပိုင်းကိုတာဝန်မယူပဲ CDMသူနာပြုဆရာမလေးတွေနဲ့အတူ အထူးကု ဆရာဝန်တွေမကြည့်ခင်မှာ Vital signsတွေယူပေးရတဲ့တာဝန်ကိုပဲယူခဲ့ပါတယ်…CDMဝန်ထမ်းတွေအတွက် တစ်ခုခုပြန်လည်လုပ်ပေးခွင့်ရခဲ့လို့ ပေးjoinတဲ့အကိုအမတွေသူငယ်ချင်းတွေကိုအထူးကျေးဇူးပါ…နားကြပ်မကိုင်တာ(၆)နှစ်အကြာပြန်ကိုင်တော့အရင်လိုဗမာအကျႌဝမ်းဆက်နဲ့မဟုတ် ဝရမ်းပြေးဖက်ရှင်နဲ့ဖြစ်နေရတာတော့အမှတ်တရပါပဲ…ဦးဏကြီးရောလို့မေးရင်…ဟုတ်ကဲ့ပါပါတယ်ရှင်(သူကCDMဝန်ထမ်းတွေအတွက်အလှူငွေကောက်ခံရရှိထားတာတွေကို ဦးဆောင်သူအမတွေလက်ထဲလိုက်လွှဲပေးတာပါ)ဟိုဘက်ရပ်ကွက်ကဘာစာထုတ်ထားထုတ်ထားကျွန်မတို့ဒီဘက်ရပ်ကွက်ကအဖက်မလုပ်ပါဘူးရှင်…ကိုယ့်လူတွေအတွက် ကိုယ်လုပ်နိုင်သမျှတော့ရှာကြံလုပ်နေကြမှာပါ…အရေးတော်ပုံအောင်ရမည်” ဆိုတဲ့စာလေးနဲ့အတူ့ပြည်သူတွေအားတက်စရာပြောပြပေးထ ားပါတယ်။

Source: Paing Phyoe Thu