မင်္ဂလာပါ ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေး ပိုင်ဖြိုးသု ကတော့ အနုပညာ အလုပ်တွေကို ကြိုးစား လုပ်ကိုင်နေရင်း လက်ရှိမှာလည်းဇာတ်ကားတွေရိုက်ကူးနေတာဖြစ်ပါတယ်။ပိုင်ဖြိုးသုရဲ့ အနုပညာအရည်အသွေးတွေကိုလည်း ပရိသတ်တွေကလက်ခံအားပေးကြပြီး ကျရာဇာတ်ရုပ်ကိုပီပြင်ပိုင်နိုင်တဲ့ သူမရဲ့သရုပ်ဆောင် ချက်တွေကို ချီးကျူးနေကြတာဖြစ်ပါတယ်။
ပိုင်ဖြိုးသုက လတ်တလောမှာ ဆိုရင် မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေ နဲ့ပတ်သက်ပြီး ပြည်သူတွေ နဲ့အတူ နေရာပေါင်းစုံကနေ ပူးပေါင်း ရပ်တည်နေတာလည်းဖြစ်ပါတယ် ။ နေရာအနှံအပြားမှာ ပြည်သူတွေအပါအဝင် အနုပညာရှင်များနဲ့ အလွှာအသီးသီးကပါ ဒီနေ့ချိန်ထိ ပုံစံမျိုးစုံနဲ့ အရှိန်အဟုန် ပြင်းပြင်း ဆန္ဒထုတ်ဖော် လျက် ရှိနေတာလည်း ဖြစ်ပါတယ်။
အခုလည်း ပိုင်ဖြိုးသုက CDM မှာပူးပေါင်းပါဝင်ကြရန် အနူးအညွတ် တောင်းဆိုရင်း မန္တလေးမှာ အသက်ေ ပးသွားခဲ့တဲ့ ပြည်သူတွေအတွက် လွန်စွာစိတ်မကောင်းဖြစ်ကာ ကြေကွဲမိရကြောင်းတွေကိုလည်းဝမ်းနည်းမျက်ကြသည်ထိ ပြောခဲ့တာလည်းဖြစ်ပါတယ်။ဗီဒီယိုလေးကြည့်ပြီး စိတ်မကောင်းမိတာအမှန်ပါပဲနော်။ ပရိသတ်ကြီး လည်း ပိုင်ဖြိုးသု ရဲ့ ဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေး လိုက်ပါတယ်နော်….။
Source & Photo Credit : Paing Phyoe Thu Facebook Account
Credit