မဂ်လာပါ ပရိတ်သတ်ကြီးရေ… ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ တေးသံရှင် R ဇာနည်ဟာဆိုရင် အသံပါဝါအားကောင်းလွန်းပြီး သီချင်းကောင်းလေးတွေကို သီဆိုဖျော်ဖြေနိုင်တဲ့အတွက် အခုချိန်ထိ နာမည်တစ်လုံးနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလာတာပဲဖြစ်ပါတယ်နော်။ တေးသံရှင်R ဇာနည်က ချောမောလှပပြီး အိမ်ထောင်မှုကိုထိမ်းသိန်းနိုင်တဲ့ အိမ်ထောင်ရှင်မကောင်းပီသလွန်းတဲ့ဇနီးချောလေးဝမ်းကိုပိုင်ဆိုင်ထားပြီး အင်မတန်ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေနဲ့သာယာပျော်ရွှင်ဖွွယ်ကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။
R ဇာနည်ဟာဆိုရင် အခုလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးမငြိမ်သက်တဲ့အခြေအနေတစ်ခုမှာ ပြည်သူလူထုနဲ့အတူ တက်တက်ကြွကြွပါဝင်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။ အဆိုတော် Rဇာနည်ကတော့ သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာကနေတစ်ဆင့် CRPHက ဦး ဆောင်ဖွဲ့စည်းမည့် တပ်မတော်အတွက် လိုအပ်ပါကစစ်မှုထမ်းမယ့် အကြောင်းကို ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။
Rဇာနည်က “ကျွန်တော် “Rဇာနည်” သည်” လိုအပ်ပါက စစ်မှု့ထမ်းပါမည်” အစိုးရ ဖွဲ့ရန် တပ်ရှိဖို့ လိုပါတယ်။ #စစ်မှုထမ်းရန် အသင့်လိုအပ်ပါက CRPH ကဦးဆောင်ဖွဲ့စည်းရမယ့်တပ်အ တွက် စစ်မှုထမ်းပါ မည်ဟုကတိ ပြုပါတယ်။” ဆိုတဲ့ ကြေညာချက်လေး တင်ထားတာပဲဖြစါပါတယ်။အခုလိုနိုင်ငံတော်အပေါ်ချစ်မြတ်နိုးတဲ့ R ဇာနည်ရဲ့စိတ်ဓာတ်ကိုအရမ်းပဲလေးစားမိပါတယ်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလည်း သာယာပျော်ရွင်ဖွယ်ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ပါစေ…။
Source; R Zar Ni ‘s Facebook acc