ခ်စ္ပရိသတ္ႀကီးေရ ျပည္သူခ်စ္ အႏုပညာရွင္ႀကီး တစ္ေယာက္ျဖစ္တဲ့ အကယ္ဒမီသ႐ုပ္ေဆာင္ မင္းသား က်ာ္သူကေတာ့ အႏုပညာအလုပ္ေတြကို ဟိုးအရင္ကတည္းက လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး အခုခ်ိန္မွာေတာ့ ပရဟိတအလုပ္ေတြကိုသာ စြမ္းစြမ္းတမံ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္ ။ ခ်စ္ဇနီး ျဖစ္တဲ့ေ႐ႊဇီးကြက္ကလည္း ခင္ပြန္းျဖစ္သူကို ပါရမီျဖည့္ရင္း ပရဟိတအလုပ္ေတြကို လုပ္ေဆာင္ခဲ့တဲ့ ပါရမီျဖည့္ဘက္ ဇနီးေကာင္းတစ္ေယာက္လို႔ ဆိုရမွာပါ ။

ဇန္နဝါရီလ (၁) ရက္ေန႔ကေတာ့ ေ႐ႊဇီးကြက္ရဲ႕ေမြးေန႔ရက္ျမတ္ေလးျဖစ္ၿပီး နာေရးကူညီမႈအသင္းမွာပဲ ေမြးေန႔ ၊ အသင္း ႏွစ္ (၂၀) ျပည့္ ႏွစ္ပတ္လည္ နဲ႔ ထြန္းကိုကိုအတြက္ ဂုဏ္ျပဳအခမ္းအနားေလးကို တရက္ထဲမွာပဲ စီစဥ္ခဲ့တာျဖစ္ၿပီး ကိတ္အတူတူ ခြဲခဲ့ၾကပါတယ္ ။ ဦးေက်ာ္သူကေတာ့ ခ်စ္ဇနီးအတြက္ ေမြးေန႔လက္ေဆာင္အေနနဲ႔ ေနာက္ဆုံးေပၚ Iphone 12 ကို ေပးခဲ့ၿပီး surprise လုပ္ခ်င္ေပမယ့္ မႀကိဳက္မွာစိုးလို႔ႀကိဳေျပာခဲ့ရတယ္လို႔ ဆယ္လီကမာၻအင္တာဗ်ဴးမွာေျဖဆိုခဲ့ပါတယ္ ။

ေ႐ႊဇီးကြက္ကေတာ့ နာေရးကူညီမႈအသင္းစတင္တည္ေထာင္စဥ္ကတည္းက ေသေသခ်ာခ်ာအသင္းကို မတည္ၿပီး ပရဟိတအလုပ္ေတြကိုလုပ္ေဆာင္ခဲ့တာျဖစ္လို႔ တကယ္ကို ေလးစားထိုက္တဲ့ အမ်ိဳးသမီးတစ္ေယာက္လို႔ဆိုရမွာပါ ။ Happy Birthday ပါ အန္တီေ႐ႊဇီးကြက္ေရ ေမြးေန႔မွစၿပီး ေနာင္ႏွစ္ေပါင္းမ်ားစြာထိ ပရဟိတအက်ိဳးေတြ သယ္ပိုးရင္း ခ်စ္တဲ့မိသားစုနဲ႔ ေပ်ာ္႐ႊင္စြာေနထိုင္သြားႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္…. ။

Source : Exclusive On Cele Gabar
Credit- (Cele Gabar)

ချစ်ပရိသတ်ကြီးရေ ပြည်သူချစ် အနုပညာရှင်ကြီး တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီသရုပ်ဆောင် မင်းသား ကျာ်သူကတော့ အနုပညာအလုပ်တွေကို ဟိုးအရင်ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ပရဟိတအလုပ်တွေကိုသာ စွမ်းစွမ်းတမံ လုပ်ဆောင်နေတာ ဖြစ်ပါတယ် ။ ချစ်ဇနီး ဖြစ်တဲ့ရွှေဇီးကွက်ကလည်း ခင်ပွန်းဖြစ်သူကို ပါရမီဖြည့်ရင်း ပရဟိတအလုပ်တွေကို လုပ်ဆောင်ခဲ့တဲ့ ပါရမီဖြည့်ဘက် ဇနီးကောင်းတစ်ယောက်လို့ ဆိုရမှာပါ ။

ဇန်နဝါရီလ (၁) ရက်နေ့ကတော့ ရွှေဇီးကွက်ရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး နာရေးကူညီမှုအသင်းမှာပဲ မွေးနေ့ ၊ အသင်း နှစ် (၂၀) ပြည့် နှစ်ပတ်လည် နဲ့ ထွန်းကိုကိုအတွက် ဂုဏ်ပြုအခမ်းအနားလေးကို တရက်ထဲမှာပဲ စီစဉ်ခဲ့တာဖြစ်ပြီး ကိတ်အတူတူ ခွဲခဲ့ကြပါတယ် ။ ဦးကျော်သူကတော့ ချစ်ဇနီးအတွက် မွေးနေ့လက်ဆောင်အနေနဲ့ နောက်ဆုံးပေါ် Iphone 12 ကို ပေးခဲ့ပြီး surprise လုပ်ချင်ပေမယ့် မကြိုက်မှာစိုးလို့ကြိုပြောခဲ့ရတယ်လို့ ဆယ်လီကမ္ဘာအင်တာဗျူးမှာဖြေဆိုခဲ့ပါတယ် ။

ရွှေဇီးကွက်ကတော့ နာရေးကူညီမှုအသင်းစတင်တည်ထောင်စဉ်ကတည်းက သေသေချာချာအသင်းကို မတည်ပြီး ပရဟိတအလုပ်တွေကိုလုပ်ဆောင်ခဲ့တာဖြစ်လို့ တကယ်ကို လေးစားထိုက်တဲ့ အမျိုးသမီးတစ်ယောက်လို့ဆိုရမှာပါ ။ Happy Birthday ပါ အန်တီရွှေဇီးကွက်ရေ မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာထိ ပရဟိတအကျိုးတွေ သယ်ပိုးရင်း ချစ်တဲ့မိသားစုနဲ့ ပျော်ရွှင်စွာနေထိုင်သွားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…. ။

Source : Exclusive On Cele Gabar
Credit- (Cele Gabar)