Credit – Cele Zone
ချစ်လှစွာသောပရိတ်သတ်ကြီးရေ အဆိုတော်ရွှေထူးတစ်ယောက် ဇနီးဖြစ်သူရွှေမှုံရတီနဲ့အတူ သီချင်းကောင်းလေးတွေဖန်တီးထားသလို ခယ်မဖြစ်သူငွေမှုံရတီကိုလည်း ဂီတလမ်း ကြောင်းပေါ်ကို သီချင်းကောင်းလေးတစ်ပုဒ်နဲ့ လက်တွဲခေါ်ခဲ့ပြန်ပါပြီ။သူတို့ နှစ်ယောက်သားရဲ့ ” ဖြေ ” ဆိုတဲ့သီချင်းလေးဟာ လွန်ခဲ့တဲ့ တစ်လကျော်လောက်ကထွက်ခဲ့တာဖြစ် ပြီး ပရိသတ်တွေရဲ့အားပေးမှုတွေလည်း ရခဲ့ပါတယ်..။
ဒီသီချင်းလေးကို New Year ညမှာ ရုပ်မြင်သံကြားကနေတဆင့် ပရိသတ်တွေကိုဖျော်ဖြေခဲ့ပါတယ်။ ညီမနှစ်ယောက်လုံးအသံက တော့ တကယ့်ကိုနားဝင်ပီယဖြစ်လွန်းပါတယ်။ အမဖြစ်သူ သရုပ်ဆောင်ရွှေမှုံကလည်း ညီမလေးကို အနုပညာလမ်းကြောင်းပေါ်ဆွဲတင်ပေးသလို ခဲအိုဖြစ်သူကလည်း ခယ်မလေးကို ဂီတလမ်းကြောင်းပေါ် လက်တွဲခေါ်ခဲ့ပါတယ်..။
အကိုနဲ့အမနှစ်ယောက်လုံးရဲ့ အနုပညာအမွေနဲ့ ဂီတအမွေကိုဆက်ခံနိုင်ခဲ့တဲ့ Kel Kel ကတော့ သူမရဲ့အလုပ်တွေကိုအကောင်းဆုံး ကြိုးစားနေခဲ့ပါတယ်။ ဖျော်ဖြေခဲ့တဲ့ပုံတွေကို တော့ ” New year မှာဆိုခဲ့တဲ့ပုံလေးတွေ ” ဟုဆိုပြီး သူမက ဝေမျှခဲ့ပါတယ်။ နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုလည်း အားလုံးက မျှော်လင့်နေကြပါတယ်။ဖတ်ရှူ့ပေးကြ
တဲ့ပရိတ်သတ်ကြီးလည်း ဘေးဘယာဝေးကွာပြီး ပျော်ရွှင်တဲ့နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေ..။
Photo – Ngwe Hmone Yati