ခ်စ္လွစြာေသာပရိတ္သတ္ႀကီးေရ Miss Universe Myanmar သူဇာဝင့္လြင္ဟာ တိုင္းျပည္အေရးအခင္းကာလမွာ Miss Universe ပြဲကို သြားေရာက္ယွဥ္ၿပိဳင္ရတာျဖစ္ၿပီး အခက္အခဲမ်ိဳးစုံကိုျဖတ္ေက်ာ္ကာ နိုင္ငံအတြက္ဂုဏ္ယူရမယ့္ National Costume ဆုကို ရေအာင္ယူေပးနိုင္ခဲ့သူပါ။ ၿပိဳင္ပြဲအၿပီးမွာလည္း ကိုယ့္နိုင္ငံကိုျပန္လာဖို႔ အဆင္မေျပတာ ေၾကာင့္ တိုင္းတပါးမွာပဲ ဆက္လက္ၿပီးအလုပ္လုပ္ကိုင္ေနခဲ့ပါတယ္။ တိုင္းျပည္အတြက္ေစတနာထား တာ ေၾကာင့္ သူမကိုခ်စ္ခင္အာ းေပးသူေတြလည္းရွိလာၿပီး နာမည္ႀကီးေမာ္ဒယ္ေအဂ်င္စီမွာ ေမာ္ဒယ္ တစ္ေယာက္အျဖစ္နဲ႔ စတင္ရပ္တည္ေနခဲ့ၿပီပဲျဖစ္ပါတယ္..။

သူမဟာ Miss Universe စင္ျမင့္ထက္မွာ ” Pray for Myanmar ” ဟုဆိုင္းဘုတ္ကိုင္ၿပီး ျမန္မာ့အေရးကို Speak out လုပ္ေပးခဲ့သူလည္းျဖစ္ပါတယ္။ သို႔ေပမယ့္လည္း သူမကို ” Pray for Myanmar ” တစ္ခုနဲ႔ လုပ္စားတယ္ ဆိုၿပီးေဝဖန္ေျပာဆိုေနသူေတြလည္းရွိေနခဲ့ပါတယ္။ နာမည္ရလာၿပီဆိုရင္ ေဝဖန္ခ်င္သူေတြရွိ လာတာလည္း ထုံးစံတစ္ခုပါပဲ။သူဇာကေတာ့ 12.6.2021 ေန႔မွာ Minnesota က လူငယ္ေတြဦးေဆာင္ျပဳလုပ္တဲ့ Youth for Myanmar ဆိုတဲ့ တိုင္းရင္းသားေပါင္းစုံ စုေပါင္းရန္ပုံေငြ‌ပြဲမွာ လူအားေရာေငြအားပါစိုက္ထုတ္ၿပီး ျပစ္တင္ေဝဖန္သူေတြရဲ့ စကားေတြကို လုပ္ရပ္တစ္ခုတည္းနဲ႔ ေခ်ပခဲ့ပါတယ္..။

ဒီပြဲေလးကိုတက္ေရာက္ခဲ့တဲ့ သူမရဲ့ပုံရိပ္ေတြကို ” 12.6.2021 ေန႔က Minnesota မွာရွိတဲ့ လူငယ္ေတြ ဦးေဆာင္ျပဳလုပ္ေသာ Youth for Myanmar ဆိုတဲ့ တိုင္းရင္းသားေပါင္းစုံ စုေပါင္းရန္ပုံေငြ‌ပြဲေလးမွာ သူဇာလဲတတ္ေရာက္ၿပီး လူအားနဲ႔ ပါဝင္အားျဖည့္ခြင့္ရခဲ့ သလို ကရင္ျပည္နယ္မွာရွိတဲ့ စစ္ေဘးေရွာင္ မိဘျပည္သူမ်ားရဲ့ ေသာက္ေရသန႔္အခက္အခဲ ေျဖရွင္းနိုင္ေစရန္ Water Filter အတြက္ အလႉေငြ က်ပ္ဆယ္သိန္းကိုလည္း လႉဒါန္းခြင့္ ရခဲ့ပါတယ္..။

ဒီပြဲကေန ရရွိတဲ့အက်ိဳးအျမတ္ေတြအားလုံးကို ျမန္မာနိုင္ငံက စစ္ေဘးေရွာင္ ျပည္သူေတြအတြက္ လိုအပ္တဲ့ေထာက္ပံ့မႈေတြ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ အခုလိုမ်ိဳး နိုင္ငံရပ္ျခားကေန ကိုယ့္နိုင္ငံအတြက္တတ္နိုင္တဲ့ဘက္ကေန အားလုံးဝိုင္းဝန္းႀကိဳးစားေပး ေနၾကတာ ျမင္ရတာ ပီတိျဖစ္ရသလို အားလည္းတတ္မိပါ တယ္။ သူဇာလည္းဒီလိုအခ်ိန္မွာ ကိုယ့္နိုင္ငံ အတြက္ လူအားေရာ ေငြ‌အားပါ တတ္နိုင္သေလာက္ပါဝင္ အားျဖည့္ခြင့္ရတဲ့အတြက္ ဝမ္းသာမိပါ တယ္။သူဇာ့ရဲ့ ခ်စ္ရတဲ့သူေတြ လည္း ဒီကာလမွာ ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ၾကဖို႔နဲ႔ အားတင္းထားၾကဖို႔ မွာခ်င္ပါတယ္။ 🙏🏼❤️ ” ဟုဆိုၿပီး ပြဲတက္ရတဲ့အေၾကာင္းအရင္းနဲ႔တကြ ေျပာျပလာခဲ့ပါတယ္။ဖတ္ရႉ့ေပးၾကတဲ့ပရိတ္သတ္ႀကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

Photo Credit – Thuzar Wint Lwin’s FB Acc

ချစ်လှစွာသောပရိတ်သတ်ကြီးရေ Miss Universe Myanmar သူဇာဝင့်လွင်ဟာ တိုင်းပြည်အရေးအခင်းကာလမှာ Miss Universe ပွဲကို သွားရောက်ယှဉ်ပြိုင်ရတာဖြစ်ပြီး အခက်အခဲမျိုးစုံကိုဖြတ်ကျော်ကာ နိုင်ငံအတွက်ဂုဏ်ယူရမယ့် National Costume ဆုကို ရအောင်ယူပေးနိုင်ခဲ့သူပါ။ ပြိုင်ပွဲအပြီးမှာလည်း ကိုယ့်နိုင်ငံကိုပြန်လာဖို့ အဆင်မပြေတာ ကြောင့် တိုင်းတပါးမှာပဲ ဆက်လက်ပြီးအလုပ်လုပ်ကိုင်နေခဲ့ပါတယ်။ တိုင်းပြည်အတွက်စေတနာထား တာ ကြောင့် သူမကိုချစ်ခင်အာ းပေးသူတွေလည်းရှိလာပြီး နာမည်ကြီးမော်ဒယ်အေဂျင်စီမှာ မော်ဒယ် တစ်ယောက်အဖြစ်နဲ့ စတင်ရပ်တည်နေခဲ့ပြီပဲဖြစ်ပါတယ်..။

သူမဟာ Miss Universe စင်မြင့်ထက်မှာ ” Pray for Myanmar ” ဟုဆိုင်းဘုတ်ကိုင်ပြီး မြန်မာ့အရေးကို Speak out လုပ်ပေးခဲ့သူလည်းဖြစ်ပါတယ်။ သို့ပေမယ့်လည်း သူမကို ” Pray for Myanmar ” တစ်ခုနဲ့ လုပ်စားတယ် ဆိုပြီးဝေဖန်ပြောဆိုနေသူတွေလည်းရှိနေခဲ့ပါတယ်။ နာမည်ရလာပြီဆိုရင် ဝေဖန်ချင်သူတွေရှိ လာတာလည်း ထုံးစံတစ်ခုပါပဲ။သူဇာကတော့ 12.6.2021 နေ့မှာ Minnesota က လူငယ်တွေဦးဆောင်ပြုလုပ်တဲ့ Youth for Myanmar ဆိုတဲ့ တိုင်းရင်းသားပေါင်းစုံ စုပေါင်းရန်ပုံငွေ‌ပွဲမှာ လူအားရောငွေအားပါစိုက်ထုတ်ပြီး ပြစ်တင်ဝေဖန်သူတွေရဲ့ စကားတွေကို လုပ်ရပ်တစ်ခုတည်းနဲ့ ချေပခဲ့ပါတယ်..။

ဒီပွဲလေးကိုတက်ရောက်ခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို ” 12.6.2021 နေ့က Minnesota မှာရှိတဲ့ လူငယ်တွေ ဦးဆောင်ပြုလုပ်သော Youth for Myanmar ဆိုတဲ့ တိုင်းရင်းသားပေါင်းစုံ စုပေါင်းရန်ပုံငွေ‌ပွဲလေးမှာ သူဇာလဲတတ်ရောက်ပြီး လူအားနဲ့ ပါဝင်အားဖြည့်ခွင့်ရခဲ့ သလို ကရင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင် မိဘပြည်သူများရဲ့ သောက်ရေသန့်အခက်အခဲ ဖြေရှင်းနိုင်စေရန် Water Filter အတွက် အလှူငွေ ကျပ်ဆယ်သိန်းကိုလည်း လှူဒါန်းခွင့် ရခဲ့ပါတယ်..။

ဒီပွဲကနေ ရရှိတဲ့အကျိုးအမြတ်တွေအားလုံးကို မြန်မာနိုင်ငံက စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်တဲ့ထောက်ပံ့မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အခုလိုမျိုး နိုင်ငံရပ်ခြားကနေ ကိုယ့်နိုင်ငံအတွက်တတ်နိုင်တဲ့ဘက်ကနေ အားလုံးဝိုင်းဝန်းကြိုးစားပေး နေကြတာ မြင်ရတာ ပီတိဖြစ်ရသလို အားလည်းတတ်မိပါ တယ်။ သူဇာလည်းဒီလိုအချိန်မှာ ကိုယ့်နိုင်ငံ အတွက် လူအားရော ငွေ‌အားပါ တတ်နိုင်သလောက်ပါဝင် အားဖြည့်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါ တယ်။သူဇာ့ရဲ့ ချစ်ရတဲ့သူတွေ လည်း ဒီကာလမှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ကြဖို့နဲ့ အားတင်းထားကြဖို့ မှာချင်ပါတယ်။ 🙏🏼❤️ ” ဟုဆိုပြီး ပွဲတက်ရတဲ့အကြောင်းအရင်းနဲ့တကွ ပြောပြလာခဲ့ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါ
တယ်နော်..။

crd : Myanmar Load