


Credit– Cele Zone
Photo – May Mi Ko Ko

ချစ်ပရိသတ်ကြီးရေ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်ကို ဖမ်းစားထားနိုင်သူလေးကတော့ Mrtv-4 သရုပ်ဆောင် မင်းသမီးချောလေး မေမီကိုကိုပါ။ မေမီက ဇာတ်လမ်းတွဲအတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး မတူညီတဲ့ ကာရိုက်တာတွေနဲ့ ဇာတ်လမ်းရဲ့ အနှစ်သာရကို ပုံဖော်ပေးနိုင်သူဖြစ်လို့ ပရိသတ်တွေရဲ့ ရင်ထဲ နေရာတစ်ခုကို အခိုင်အမာ ရယူထားနိုင်တဲ့ သူလေးပဲဖြစ်ပါတယ်။

လိပ်ပြာနှောင်ကြိုးဇာတ်လမ်းတွဲလေးထဲမှာလည်း သရဲမလေး ဂျူးရီအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ပရိသတ်တွေ အကြိုက်တွေ့စေခဲ့တာပါ။ မကြာခင်ကမှ ချစ်သူနဲ့အတူ ဖေ့ဘွတ်မှာ relationship ချိတ်ကာ ဖွင့်ချပြခဲ့ပြီး ပရိသတ် အားလုံးက အားကျနေကြတာပါ ။

ချစ်သူကို ထုတ်ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး အားကျချ စ်ခင်နေသူတွေရှိသလို ဝေဖန်တိုက်ခိုက်ကာ ပြောဆိုနေကြသူတွေလည်းရှိခဲ့ရာ အခုလို သူရဲ့အကောင့်လေးမှာဝေမျှထားတာတွေ့ရ ပါတယ် ။ “So sad နော် ပြောချင်ရင်လည်း reply ပြန်တာလေးတော့စောင့်ဦးလေး ဘာတွေ အဲ့လောက်ကြောက်နေတာလဲ အကောင့်တုနဲ့ဘလော့ပြီး အကောင့်အစစ်နဲ့ပြန်ကြည့်မဲ့အစ်မအတွက်” ဆိုပြီး ပုံလေးနဲ့တကွ တင်ကာ ပြန်လည်တုံ့ပြန်ထား တာဖြစ်ပါတယ်။

Credit– Cele Zone
Photo – May Mi Ko Ko