


Source : Khin Yadanar Soe

ချစ်လှစွာသော ပရိသတ်ကြီးရေ The Voice Myanmar ပြိုင်ပွဲကနေတဆင့် ပရိသတ်ေ တွအားပေးမှု ရရှိလာခဲ့တဲ့ ခင်ရတနာစိုးကတော့ ပြိုင်ပွဲ တစ်လျှောက်လုံး မှာ နီနီခင်ဇော် ဦးဆောင်တဲ့ Team NiNi အဖွဲ့မှာ နီနီသင်ကြားသမျှတွေနဲ့အတူကြိုးစား ယှဉ်ပြိုင်ခဲ့တာပါ ။ နီနီ က သူမအတွက် ဆရာကောင်း တစ်ယောက် ဖြစ်ပြီး ပညာတွေလည်း အများကြီးရရှိခဲ့တာပဲဖြစ်ပါတယ်.. ။

လတ်တလောမှာတော့ ခင်ခင်က Surprise အနေနဲ့ နီနီ နာမည်လေးကို သူမရဲ့ လက်မှာ တက်တူးထိုးခဲ့တဲ့အကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ် ။ မမနီနီကညီမအတွက် မိဘတစ်ယောက်လိုကော ညီအမလိုပါ သဘောကြီးစွာ သင်ကြားပေးခဲ့တယ် အဲ့ဒီအတွက် ညီမရဲ့ ဆရာတစ်ယောက်အနေနဲ့ကော ညီအမ တစ်ယောက်အနေနဲ့ကော မိဘတစ်ယောက်အနေနဲ့ပါ အမြဲအမှတ်တရရှိချင်လို့ ဒီနေ့ရေးဆွဲခဲ့ပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ တက်တူးလေးကို လူမှုကွန်ရက် စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ်.. ။

ဒါပေမယ့် သူမတက်တူးထိုးတာကို ပရိသတ်အများစုက သဘောမကျကြောင်း ဝေဖန်တဲ့မှတ်ချက်တွေ ရေးသားခဲ့ကြတဲ့ အတွက် ခင်ခင်က နောက်ထပ်မထိုးတော့ ဘူးလို့ ကတိပေးတဲ့အကြောင်း ပရိသတ်တွေကို ပြန်လည်မှတ်ချက်ပေးခဲ့ပါတယ် ။ ဒီတက်တူးလေးကိုကြည့်ပြီး နီနီအပေါ်ထားတဲ့ ခင်ခင်ရဲ့ လေးစားချစ်ခင်မှုတွေ ကို အတိုင်းသားမြင်ရလိမ့် မယ်လို့ ထင်ပါတယ် ပရိသတ်ကြီးရေ..။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်
နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit; (Yaung Chi)