


Credit ; (Cele Gabar)

မင်္ဂလာပါ ပရိသတ်ကြီးရေ The Voice Myanmar ပြိုင်ပွဲကနေ တဆင့် ပရိသတ်တွေရဲ့အားပေးမှု အခိုင်အမာရရှိလာခဲ့တဲ့ ခင်ရတနာစိုးကတော့ လက်ရှိမှာ အနုပညာလမ်းကြောင်းပေါ်ကို ဦးတည်လျှောက်လှမ်းနေပြီဖြစ်ပါတယ် ။ နီနီနဲ့အတူ သီချင်းတွေလုပ်နေသလို အားပေးတဲ့ ပရိသတ်တွေ တစထက် တစ်စများပြားလာ ခဲ့တာကလည်း ပရိသတ်တွေအမြင်ပါပဲ ။

အထူးသဖြင့် ခင်ခင်ရဲ့ We Love ဖန်တွေကတော့ ခင်ရတနာစိုး ပြိုင်ပွဲဝင်နေစဉ်ကာလထဲက ငွေအင်အားရော လူအင်အားရောပေးဆပ်ပြီး အားပေးချစ်ခင်ခဲ့ကြတာပါ ။ လတ်တလောမှာတော့ ခင်ခင်အတွက် We love ပရိသတ်တွေက ဆုငွေ ၁၅သိန်း ၃သောင်း ၉ထောင်ကျပ်ကို ဆုချခဲ့တယ်လို့ သိရပါတယ် ။ We love admin ကိုသားသားမှ ထုတ်ယူပြီး ခင်ခင် ဆီကိုပေးအပ်သွားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ် ။

ခင်ရတနာစိုးကတော့ သူမရဲ့ We love များကို ကျေးဇူးအထူးတင်ရှိကြောင်းနဲ့ သူမလိုအပ်တာ သုံးဖြစ်ရင် ပရိသတ်ကိုအသိပေးပါ့မယ်လို့လည်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ် ။ ခင်ခင်ရဲ့ ပရိသတ်တွေက သူမအပေါ်ထားရှိတဲ့ချစ်ခြင်းမေတ္တာကတော့ တကယ်ကို ကြည်နူးစရာပါပဲ ပရိသတ်ကြီးရေ ..။

Source : Khin Yadanar Soe
Credit ; (Cele Gabar)